လစ်ဗျားတွင် အသတ်ခံရသူ သံအမတ် အတွက် သမ္မတ အိုဘားမား ဝမ်းနည်း



စက်တင်ဘာ ၁၂။    ။ ပြီးခဲ့သည့် အင်္ဂါနေ့က လစ်ဗျားနိုင်ငံ အရှေ့ ပိုင်း Benghazi မြို့ ရှိ အမေရိကန် သံရုံးတွင် ပဋိပက္ခဖြစ်ပွားရာ လစ်ဗျားနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ခရစ်စတိုဖာ စတီဖန် (Christopher Stevens) ကွယ်လွန်ခဲ့သည်။

အမေရိကန်တို့ ရိုက်ကူးသော ဘာသာရေးပုပ်ခတ်မှု ရိုက်ကူးမှု ဖြစ်သော ဘာသာရေးခေါင်းဆောင် မိုဟာမက် (Prophet Mohammed) နှင့် ဆိုင်ရာ တရားမဝင် ရုပ်ရှင်ကြောင့် လစ်ဗျားရှိ မွတ်ဆလင်တို့ အမြတ်ထွတ်ခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် အင်္ဂါနေ့က လစ်ဗျားဘာသာရေး အစွန်းရောက်တို့ အမေရိကန်သံရုံးကို ထိုးဖောက်ဝင်ရောက်ပြီး ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမေရိကန် သံအမတ် ခရစ်စတိုဖာ အပြင် အခြား သံရုံး ဝန်ထမ်းနှစ်ဦးပါ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ယင်းကွယ်လွန်မှုအတွက် စက်တင်ဘာလ ၁၂ ရက်နေ့က အမေရိကန် သမ္မတ အိုဘားမားမှ အိမ်ဖြူတော်တွင် မိန့်ခွန်းပြော ဝမ်းနည်းစကား ဆိုခဲ့သည်။ ခရစ်စတိုဖာနှင့် အမေရိကန်နိုင်ငံသားများအား သတ်ဖြတ်သူတို့ကို တရားရုံးသို့ ခေါ်ဆောင်လာနိုင်ပြီး ထိုက်တန် သည့် ပြစ်ဒဏ် ပေးရန် စီစဉ်သွားမည် ဖြစ်ကြောင်း သမ္မတ အိုဘားမားမှ ပြောဆိုခဲ့သည်။

လက်ရှိ အခြေအနေ မငြိမ်သက်သေးသည့် လစ်ဗျားနိုင်ငံတွင် ဘာသာရေး ပုပ်ခတ်မှု ရုပ်ရှင်ကြောင့် လစ်ဗျားပြည်သူတို့ကို ပိုမိုအမြတ်ထွက်စေခဲ့သည်။ ယင်း ရုပ်ရှင်သည် အမေရိကန်နှင့် ဟောလိဝုဒ် အနုပညာ အသိုင်းအဝိုင်းမှ ရိုက်ကူးထားခြင်း မဟုတ်သော်လည်း အမေရိကန်မှ ကျောထောက်နောက် ခံပြုသော အနုပညာအဖွဲ့အစည်းတစ်ခုမှ ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရသည်။
-----
Ref:news.cn

0 comments: