ဂရိနိုင်ငံတွင် ရဲနှင့်ပြည်သူများ ပဋိပက္ခဖြစ်ပွား



ဂရိနိုင်ငံ၊ အေသင်မြို့ တွင် ရဲနှင့် ပြည်သူများကြား ပဋိပက္ခဖြစ်ပွာလျက်ရှိကြောင်း သိရသည်။ အခင်းဖြစ်ပွားမှုသည် စက်တင်ဘာ ၂၆ ရက်နေ့ ညနေမှ စတင်ခဲ့ခြင်း ဖြစ်ပြီး အပြန်အလှန် တိုက်ခိုက်မှုများ ပြင်းထန်လျက် ရှိသည်။

အစိုးရက ချမှတ်သော စီးပွားရေးပေါ်လစီသစ်ကြောင့် အများပြည်သူတို့ အခွန်ငွေတိုးလာပြီး လုပ်ခလစာများ နည်းပါးလာခဲ့သည်။ အစိုးရကြွေးမြီလျော့ချနိုင်ရန် ဆုံးဖြတ်ခဲ့သော ယင်းစီမံကိန်းသည် ပြည်သူတို့၏ ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလှမ်းကို များစွာ ထိခိုက်စေသဖြင့် မကျေမနပ် ဖြစ်သော ပြည်သူများက ယခုကဲ့သို့ အကြမ်းဖက် ဆန္ဒပြခဲ့ကြသည်။

အေသင်မြို့ လယ်ခေါင် အစိုးရရုံးများတွင် လုံခြုံရေးရဲများ တပ်စွဲထားရပြီး ချီတက်လာသော လူအုပ်များနှင့် အပြန်အလှန် တိုက်ခိုက်နေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။
---
Ref:news.cn




0 comments: