မြန်မာပြည်က ဂျာမနီ Audi Q5များ

 ၂၀၀၉ မော်ဒယ်အထက် Audi မှ လတ်လတ်ဆတ်ဆတ် ထုတ်ထားတဲ့ Audi Q5 –SUV ကားကြီးတွေ ရန်ကုန်မြို့ မှာ တော်တော်တွေ့ နေရပါပြီ။ ပါဂျဲရိုး၊ ဆိုက်ကနက်တို့လို ကားကြီးချင်းတူတာတောင် ဂျာမနီဖြစ် Audi ကိုမှ ကြိုက်ပါတဲ့ ဆိုတဲ့သူများကြောင့် Q5 ဆို တဖြည်းဖြည်းနဲ့ အစီးရေများလာပါပြီ။

၂၀၀၉ အထက်မော်ဒယ်လည်း ဖြစ်၊ အင်ဂျင်အရွယ်အစား ကလည်း ၁၉၀၀ စီစီကျော်၊ ၃၀၀၀ စီစီ ကျော်ဆိုတော့ ကြိမ်းသေအခွန်ဆောင်ပြီး စီးရမယ့် ကားဖြစ်ပါတယ်။ ၂၀၁၀ မော်ဒယ်တောင် အမေရိကန်ဒေါ်လာ သုံးသောင်းခွဲ ရှိပါတယ်။ ဒီတော့ မြန်မာငွေနဲ့တွက်ရင် သိန်း ၃၀၀ ကျော်သာ ရှိတယ်ဆိုပေမယ့် ဆောင်ရတဲ့အခွန်နဲ့ထည့်တွက်ရင် သိန်း ၁ ထောင် ဝန်းကျင်ပေါက်သွားမယ့် ကားဖြစ်ပါတယ်။ ကိုယ်စားလှယ်နဲ့ မှာယူ  ဝယ်နေသူတွေကလည်း သိန်း ၇၀၀ လောက်နဲ့ ရတယ်ဆို ပါတယ်။ ဘာပဲပြောပြော ဂျပန်လေလံအောင်ကားများထက်တော့ ဈေးကြီးတာ ကြိမ်းသေပါတယ်။

၁၉၀၀ စီစီကျော် ၂.၀ လီတာL ဆလင်ဒါ ၄လုံးပူး၊ ဒီဇယ်အင်ဂျင် ၊ ဒီဇယ် V ပစ်စတင် ၆လုံး၊ V ၆လုံး FSI အင်ဂျင်အစရှိသဖြင့် အဓိက လေးမျိုးပဲ ကွဲပါတယ်။ အမှန်တော့ အသုံးပြုတဲ့ အင်ဂျင်က ထုတ်လုပ်တာ မကြာသေးပေမယ့် ခွဲထားတာ အတော်လေးများပါတယ်။ ဓာတ်ဆီ version မှာ ၁၀မျိုးအထက်၊ ဒီဇယ်ဗားရှင်းမှာ ၁၀မျိုးအထက်ထိတောင် ကွဲပြားပါတယ်။ သို့ပေမယ့်  ၃၀၀၀ စီစီကော်တဲ့ အမျိုးအစားကလွဲလို့ကျန်တာတွေအားလုံးဟာ အရွယ် ၁၉၀၀ စီစီကျော်တွေပဲ ဖြစ် ပါတယ်။ မြင်းကောင်ရေ အားထုတ်လုပ်မှု ၁၇၉ အနည်းဆုံး အများဆုံး ၂၃၇အထိ မြင့် ပါတယ်။ Top Speed ကလည်း တစ်နာရီမိုင် ၁၃၀ ဝန်းကျင် မှာရှိပါတယ်။

ဂီယာ ၆ချက်ထိုး ရိုးရိုး၊ အော်တို၊ ၈ချက် အော်တို၊ ၇ချက် အော်တို လေးမျိုးကွဲပြားပါတယ်။ Audi Q5 ရဲ့ ရည်ရွယ်ချက်က ဟိုင်းဝေးဖြစ်ပြီး ကြမ်းပါတယ်ဆိုတဲ့ လမ်း မှာတောင် မကြောက်မရွံ့ မောင်းလို့ရမယ့် ဝက်ဂွန် ဖြစ်ဖို့ ဖြစ် ပါတယ်။ ဒီတော့ အီလက်ထရောနစ် Stablity Control စနစ်ပါဝင် ပါတယ်။ လေးဘီးမောင်း စနစ်၊ ရှေ့ ဘီးမောင်း စနစ် နှစ်မျိုး ထုတ်လုပ်ပါ တယ်။ မြန်မာပြည်ရောက်တော့ နှစ် ဘီးမောင်းများမယ့် အနေအထားမှာ ရှိပါတယ်။ သူက အရမ်းမတ်ဆောက်တဲ့ တောင်ကုန်းတောင် ဘေးဘယ်ညာ မယိမ်းအောင် ဘီးကို ထိန်းချုပ်ပေးနေမယ့် စနစ်လည်း ပါရှိပါတယ်။ ဒါကတော့ အဓိက ထူးခြားချက်ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်နောက်ပိုင်းထုတ်ဖြစ်တဲ့အတွက် နောက်ဆုံးပေါ် ပစ္စည်းများ ကြိမ်းသေပါရှိပါတယ်။ ဥပမာ- LCD တီဗီ မျက်နှာပြင်ကျယ်၊ ပါဝါဝင်းဒိုး၊ နောက်ကင်မရာ၊ Navigation စနစ်၊ GPS ကွန်ထရိုး၊ In car Entertainment စနစ်၊ အင်တာနက် ရေဒီယို၊ ဖုန်းပြောဖို့အတွက် ဘလူးတော့ စနစ်၊ MP3, iPod တို့အတွက် Port, USB ထိုး Audio စနစ်၊ အဲယားကွန်၊ စမတ်ကီး အစရှိသဖြင့်တို့ ပါဝင်မှာ ဖြစ်ပါတယ်။ ခရီးသွားဖို့ ဖြစ်တဲ့အတွက် အမိုးမှာ အဖြုတ်အတပ်လိုလို့ ရမယ့် စတီးသေတ္တာ လည်း ပါရှိပါတယ်။ မြန်မာပြည်ရောက် မှာလည်း ပါတတ်ပါတယ်။ အဲဒီမှာ တင်လို့ရမယ့် အလေးချိန် တန်ကိုလည်း သတ်မှတ်ထားပါတယ်။ ခရီးကြမ်းသွားတဲ့အခါ ကားရဲ့  တုန်ခါမှုကို ထိန်းပေးမယ့် Damping Control လည်းပါရှိပါတယ်။

အရှည် ၁၈၂.၃ လက်မ၊ အမြင့် ၆၅ လက်မ၊ အကျယ် ၇၄ လက်မ တိုင်းကိုယ်စီ ရှိပြီး တံခါး ငါးပေါက် ဝက်ဂွန်ဆိုက် SUV ဖြစ်ပါတယ်။ မြန်မာပြည်ရောက်တာလဲ မဆန်းပါဘူး။ Audi ဟာ Q5 ကိုပေါချင်းသောချင်းထုတ်လုပ်နေပါတယ်။ ဂျာမနီ၊ တရတ်၊ အိန္ဒိယ၊ မလေးရှား စတဲ့နိုင်ငံက စက်ရုံတွေမှာ ထုတ်လုပ်ပြီး ကမ္ဘာ့အနှံ့ကို ဈေးသက်သက်သာသာနဲ့ Performance ကောင်းကားအဖြစ် ဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ Q5ဟာ မြန်မာပြည်မှာလည်း ဒီနောက်ပိုင်းခေတ်စားလာတဲ့ ဥရောပ SUV လည်း ဖြစ်ပါတယ်။
---
http://stg.colayonline.net/automobile/portal.html#auction
















0 comments: