တရုတ်တို့၏ ပေါက်ပေါက်ရှာရှာတီထွင်မှုများ



၁။ လယ်သမား Zhan Wuyi ဟာ သိပ္ပံပညာဆိုင်ရာ တီထွင်မှုကို စိတ်ဝင်စားသူ ဖြစ်ပြီး သူကိုယ်တိုင် တီထွင်ထားတဲ့ လူတစ်ယောက်စီးစာ ရေငုပ်သင်္ဘော ကို ယခုလို မြင်တွေ့ရပါတယ်။ Safety test အောင်မြင်ပြီး သူ့ရဲ့  ရေငုပ်သင်္ဘောကို တရားဝင် အသုံးပြုခွင့် ရခဲ့ပါတယ်။ - သြဂုတ် ၂၉၊ ၂၀၁၁






၂။ လယ်သမား Wu Yulu ဟာ ၁၉၈၆ ခုနှစ်ကစပြီး စက်ရုပ်တီထွင်ခဲ့ပါတယ်။ ၂၀၀၉ခုနှစ်ဇန်နဝါရီ ရောက်မှ အောင်မြင်ခဲ့ပြီး လန်ချားဆွဲပေးနေတဲ့ သူ့ရဲ့ စက်ရုပ်ကို ယခုလို မြင်တွေ့ရပါတယ်။ 

 ၃။ Zhejiang ပြည်နယ်မှ တံငါလှေသုံး စက်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင် Jiang Yonggang ဟာ ကိုယ်ပိုင်လေယာဉ်ငယ်တစ်စီး ပြုလုပ်ခဲ့ပါတယ်။ ယင်းအတွက် ၁၀ လအချိန်ယူခဲ့ရပြီး အမေရိကန် လေယာဉ် အပေါ့စား RAF2000 ကို အင်တာနက်မှာ သေချာလေ့လာခဲ့ရပါတယ်။ ပြုလုပ်မှုအောင်မြင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၅၀၀ ကုန်ကျခဲ့ပါတယ်။ အနိမ့်ပျံအမျိုးအစား ၊၃၁ မီတာရှည်ပြီး ၁၅၀ ကီလိုဂရမ်သာ လေးတဲ့ သူ့ရဲ့ လေယာဉ်ကို ယခုလိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ 



၎။ Zhejiang ပြည်နယ် အရှေ့ ပိုင်း Wenling မြို့ ငယ်က စားသောက်ဆိုင်မှာ ဖြစ်ပါတယ်။ ခေါက်ဆွဲချက်တဲ့ စက်ရုပ်ကြောင့် Hu Man ရဲ့  စားသောက်ဆိုင်ဟာ ပိတ်ရတော့မယ့် အနေအထားက စီးပွားရေး အင်မတန် ကောင်းတဲ့ စားသောက်ဆို တစ်ခု ဖြစ်လာပါတယ်။ယင်းစက်ရုပ်ကို ဒေသခံ လူငယ်က တီထွင်ထားပြီး အမေရိကန်ဒေါ်လာ ၁၆၀၀ နဲ့ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 


၅။ တရုတ်ပြည်တောင်ပိုင်း Guangdong ပြည်နယ်မှ Huizhou မြို့ မှာ ဖြစ်ပါတယ်။ Transformer ရုပ်ရှင်ကို အလွန်ကြိုက်နှစ်သက်ပြီး စက်ရုပ်များ တီထွင် ဖန်တီးဖို့ Yang Junlin ဟာ စိတ်အားထက်သန်ခဲ့ပါတယ်။ ဒါကြောင့် သံတိုသံဆ အမှိုက်ပုံကို ဝယ်ယူပြီး အလုပ်သမား ၁၀ ယောက်ငှားက စက်ရုပ်ကြီးများ တည်ဆောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကဖြစ်ပြီး ယနေ့မှာဆိုရင် သံတိုသံဆနဲ့ လုပ်ထားတဲ့ စက်ရုပ်ပေါင်း ၁ထောင်ကျော်သွားပြီလို့ သိရပါတယ်။ 

 ၆။ တရုတ်ပြည်အလယ်ပိုင်း Hubei ပြည်နယ်မှ Wuhan မြို့ မှာ ဖြစ်ပါတယ်။ လယ်သမား Shu Mansheng ဟာ ပုဂံပြားပျံယဉ်တည်ဆောက်ဖို့ စိတ်အားထက်သန်ခဲ့ပြီး တကယ်ပဲ အနီးစပ်ဆုံးဖြစ်အောင် ယခုလို ဖန်တီးခဲ့ပါတယ်။ အင်ဂျင်မော်တာ ၈လုံးနဲ့ ပျံသန်းနိုင်တဲ့ ယာဉ်ကို ယခုလို မြင်တွေ့ ရပါတယ်။ မြေပြင်ထက် ၄ မီတာအမြင့်ကို စက္ကန့် ၃၀ ပျံသန်းနိုင်ခဲ့တဲ့ သူ့ရဲ့  ယာဉ်ပျံအတွက် အမေရိကန်ဒေါ်လာ ၄၈၀၀ အကုန်ကျခံခဲ့ပါတယ်။ 



၇။ အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့  လယ်သမား Li Jingchun မှ မိသားစုဝင်များကို လေယာဉ်ပျံတည်ဆောက်ခိုင်းနေမှု ဖြစ်ပါတယ်။ သူ့ရဲ့ အိမ်ခေါင်မိုးပေါ်မှာ သံတိုသံစများနဲ့ တည်ဆောက်တဲ့ လေယာဉ်အတွက် အမေရိကန်ဒေါ်လာ ၇ထောင်ကျော်သာ ကုန်ကျပြီး ၂ နှစ်ကျော် အချိန်ယူခဲ့ရပါတယ်။ 




၈။  အသက် ၄၈ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ပေကျင်းမြို့ အနီးက လယ်သမား Wu Yulu ဖြစ်ပါတယ်။ သူ့ကတော့ အထူခြားဆုံး ဖြစ်ပါတယ်။ ၂၀၁၀ ရှန်ဟိုင်း ကမ္ဘာ့ကုန်စည်ပြပွဲမှာ သူတီထွင်ထားတဲ့ စက်ရုပ်ပေါင်း ၃၀ ကျော်ကို ဝင်ရောက်ပြသခဲ့ပါတယ်။
၉။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရှန်ဟိုင်းမြို့ မှာ ဖြစ်ပါတယ်။ ဘီးတစ်ဘီးတည်းပါတဲ့ စက်ဘီးကို တီထွင်ရှင် Li Yongli ကအချိန်တော်ကြာ ကြိုးပမ်းယူခဲ့ ရပါတယ်။ 


 ၁၀။ ၂၀၁၁၊ ဖေဖော်ဝါရီ ၂၅။   ။ မော်တော်ယာဉ်စက်ပြင် အင်ဂျင်နေယာ Ding Shilu တီထွင်ထားတဲ့ လေယာဉ်ပျံဖြစ်ပါတယ်။ ၂၈၇ ပေါင်လေးပြီး မော်တော်ဆိုင်ကယ် အင်ဂျင် သုံးလုံး တပ်ဆင်ထားပါတယ်။ သံတိုသံစများနဲ့ တည်ဆောက်ထားပြီး အမေရိကန်ဒေါ်လာ ၃၉၅ ဒေါ်လာ သာကုန်ကျပါတယ်။ 



၁၁။  သြဂုတ် ၃၀၊ ၂၀၁၂။   ။ Jiangsu ပြည်နယ် Suquian မြို့ မှာ ဖြစ်ပါတယ်။ အမှိုက်ပုံမှာ အလုပ်လုပ်တဲ့ Wang Jian ဟာ နစ်ဆန်းနဲ့ Santana ကားစုပ်ကို ကမ္ဘာ့ဈေးကြီးပြိုင်ကား Lamborghini Reventon နဲ့ ပုံစံတူအောင် ယခုလို တည်ဆောက်ခဲ့ပါတယ်။ ယင်းအတွက် အမေရိကန်ဒေါ်လာ ၉၄၅၀ ကုန်ကျပြီး တစ်နာရီ မိုင် ၁၆၀ မောင်းနှင်နိုင်တဲ့ ကားကောင်းတစ်စီး ဖြစ်ပါတယ်။ 


၁၂။  တရုတ်နဂါးနှစ်အတွက် အလှပြဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ နဂါးဆိုင်ကယ်ဖြစ်ပါတယ်။ ယင်းအတွက် ငါးလသာအချိန်ယူခဲ့ရပါတယ်။
၁၃။  ယင်းသက်ကယ်ဘောလုံး တည်ဆောက်ဖို့အတွက် ၁၀အချိန်ယူခဲ့ရပါတယ်။ တရုတ်တီထွင်ပညာရှင် Yang Zongfu ဟာ သဘာဝဘေးအန္တရာယ်မှာ အသုံးပြုလို့ရမယ့် ဘောလုံးကို ယခုလို တောင်ကုန်းမှ လိမ့်ပြီး ရေကန်ထဲကို ထိုးဆင်းခဲ့ပါတယ်။ အထဲမှာ လူ ၃ ယောက်နေနိုင်ပြီး ၆တန်လေးတဲ့ ဘောလုံးဖြစ်ပါတယ်။ အစားသောက် ၁၀လစာည်း ထည့်သိုထားနိုင်တဲ့ ဘောလုံး ဖြစ်ပါတယ်။



၁၃။  ယင်းသက်ကယ်ဘောလုံး တည်ဆောက်ဖို့အတွက် ၁၀အချိန်ယူခဲ့ရပါတယ်။ တရုတ်တီထွင်ပညာရှင် Yang Zongfu ဟာ သဘာဝဘေးအန္တရာယ်မှာ အသုံးပြုလို့ရမယ့် ဘောလုံးကို ယခုလို တောင်ကုန်းမှ လိမ့်ပြီး ရေကန်ထဲကို ထိုးဆင်းခဲ့ပါတယ်။ အထဲမှာ လူ ၃ ယောက်နေနိုင်ပြီး ၆တန်လေးတဲ့ ဘောလုံးဖြစ်ပါတယ်။ အစားသောက် ၁၀လစာည်း ထည့်သိုထားနိုင်တဲ့ ဘောလုံး ဖြစ်ပါတယ်။



၁၄။  Jinlin ပြည်ယန်မှ Zhang Yali ဖန်တီးတဲ့ သုံးဘီးဆိုင်ကယ်အကြီးစား ဖြစ်ပါတယ်။ လယ်ထွန်စက်မှ ဘီးနဲ့ ယန္တယားများကို သုံးဘီးဆိုင်ကယ် ဖြစ်လာအောင် ယခုလို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ 


၁၅။   Zhang Wuyi တီထွင်တဲ ရေငုပ်သင်္ဘောအသေးစားကတော့ တကယ့် လုပ်ငန်းခွင်အသုံးပြုဖို့ လိုင်စင်ရခဲ့ပါတယ်။ တစ်ယောက်စီး ရေငုပ်သင်္ဘော ငယ်ကို လိမ္မော်ရောင် သုတ်လိမ်းနေမှုကို ယခုကဲ့သို့ မြင်တွေ့ရပါတယ်။ 

 
 ၁၆။  ရေပေါ်မောင်း စက်ဘီးကို Hanjian မြစ်ထဲမှာ တကယ်ပဲ မောင်းနှင်ခဲ့ပါတယ်။ စက်ဘီးကို ရေပေါ်ပေါ်အောင် ယခုလို ထူးထူးဆန်းဆန်း ဖန်တီးထားပါတယ်။ 



၁၇။  တရုတ် လယ်သမား Yang Youde ကတီထွင်ခဲ့တာ ဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ လောင်ချာပစ် လက်နက်ကြီးဖြစ်ပါတယ်။  ရှေးယခင်သုံး လောင်ချာများကို စက်ယန္တယားဖြစ်အောင် ယခုလို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။
၁၈။  အပျော်တန်း တီထွင်ပညာရှင် Tao Xiangli ပြုလုပ်တဲ့ ရေငုပ်သင်္ဘောဖြစ်ပါတယ်။ 



၁၉။ Anhui ပြည်နယ်၊ Hefei မြို့ မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖန်တီးတဲ့ လေယာဉ်ဖြစ်ပါတယ်။ အစိတ်အပိုင်းပေါင်း ၁ထောင်ကျော်ကို အမေရိကန်ကမှာ ယူပြီး အချိန်အတော်ကြာ တည်ဆောက်ခဲ့တဲ့ လေယာဉ် ဖြစ်ပါတယ်။

0 comments: