မြန်မာပြည်ရောက် Bentley Continental GT

 Bentley မှမဟုတ်ပါဘူး။ Lamborghini, Bugatti, Audi, Rolls- Royce အစရှိသဖြင့် ကမ္ဘာကျော် ကား Brand တွေအားလုံး မြန်မာ လမ်းမပေါ်မှာ မြင်တွေ့ နေရပါပြီ။ လက်တလောက် မင်းဓမ္မလမလမ်းက ကားပြပွဲမှာဆိုရင် သိန်း ၅၀၀၀ ကျော်ကားတွေ ခင်းကျင်းပြသခဲ့ပါတယ်။ တပ်မတော်ပြခန်းတုန်းကလည်း တံခါး ၆ပေါက် လင်ကွန်း ကားရှည်ပါ တွေ့မြင်ခဲ့ရ ပါတယ်။ ဈေးကြီးပါဆိုတဲ့ စူပါကားတွေ မြန်မာပြည်မှာ အမှန် တကယ် ရနေပါပြီ။ ဒီထဲကမှ အမေရိကန်ဒေါ်လာ ၃ သိန်း ဝန်းကျင်တန်ဖိုးရှိတဲ့ အင်္ဂလန် ဈေးကြီး ဆလွန်း Bentely Continental GT ကို မိတ်ဆိက်ပါမယ်။

လက်ရှိပြပွဲမှာ ပြသခဲ့တာတော့ ၂၀၀၃ ကနေ ၂၀၁၀ ကြားထုတ်လုပ်ခဲ့တဲ့ Continental GT ဖြစ်မယ်ထင်ပါတယ်။ ၂၀၁၁ ကနေ နောင်းပိုင်းထုတ်တဲ့ကားက ဒီဇိုင်းအနည်း ငယ် ပြောင်းလဲထားတဲ့အတွက် သိသာပါတယ်။ ၂၀၁၁ နောင်းပိုင်းမှာ ဈေးပိုမိုသက်သာတဲ့ Continental GT ထုတ်လုပ်တဲ့အတွက် ၂၀၀၃ ကနေ ၂၀၁၀ ကြားက Continental GT ကမှ လူပိုရှိန်တဲ့ အနေအထားမှာ ရှိပါတယ်။

ဈေးကြီးရတဲ့အကြောင်းက အသုံးပြုတဲ့ အင်ဂျင်နဲ့ ကားဘော်ဒီတည်ဆောက်မှု အဓိကဖြစ်ပါတယ်။ အင်ဂျင်ကို ၆၀၀၀ စီစီ ၁၂လုံးပူး ပစ်စတင် အသုံးပြုပါတယ်။ ဒီတော့ ထုတ်လုပ်နိုင်တဲ့ မြင်းကောင်ရေအားက ၅၅၂ bhp ဝန်းကျင်မှာ ရှိပါတယ်။ ၂၀၀၃ ကနေ ၂၀၁၀ ကြားတောင် ငါးမျိုးလောက် ခွဲထုတ်ပါတယ်။ GTC, GT Speed, GTZ, GTC Speed, Supersports တို့ ဖြစ်ပြီး SuperSport ကတော့ ၂၀၀၉ နောင်းပိုင်းမှာ ရောင်းချ တဲ့ မော်ဒယ် ဖြစ်ပါတယ်။

Basic မော်ဒယ်ဖြစ်တဲ့ ရိုးရိုး GTC တောင် အမြန်ဆုံးမောင်းနှင်နိုင်အား တစ်နာရီ ၁၉၅ မိုင်ကျော်ပါတယ်။ GT Speed နောက်ပိုင်းမော်ဒယ်ကတော့ တစ်နာရီ မိုင် ၂၀၀ အထက်တွေချည်း ဖြစ်ပါတယ်။ မြင်းကောင်ရေအားကလည်း GT Speed မှာတင် ၆၀၀ hp ထိရှိပါတယ်။ ဈေးနှုန်းကတော့ Super Sport ရောက်မှ သိသိသာသာ တက်သွားပြီး အမေရိကန်ဒေါ်လာ ၂သိန်း ၈သောင်းဝန်းကျင် ရှိခဲ့ပါတယ်။  ကျန်တဲ့ GT များကတော့ ၂ သိန်း ၁သောင်းကျော်မှာ ရှိပါတယ်။ မြန်မာပြည်မှာ သိန်း ၃၀၀၀ ဝန်းကျင်နဲ့ ရောင်းချမယ်လို့ ယူဆပါတယ်။ အမေရိကန်ဒေါ်လာ ၃ သိန်းခွဲ ဝန်းကျင် တန်ဖိုးရှိတဲ့ အင်္ဂလန် Rolls-Royce တောင် သိန်း ၅၄၀၀ ကျော်နဲ့ ဈေးခေါ်တဲ့အတွက် Continental GT ဆိုရင် ၂ သိန်းခွဲဝန်းကျင်ရှိတဲ့အတွက် သိန်း ၄၀၀၀ ဝန်းကျင်တောင် ရှိနိုင်ပါတယ်။

ကိုယ်ထည်မှာ ကာဘွန်ဖိုက်ဘာ၊ အလူမီနီယံတို့အများအပြားအသုံးပြုထားပါတယ်။ ကားအရှေ့ဘက်ခြမ်းကို အလူမီနီသားနဲ့လုပ်ပါတယ်။ အမိုးကို ဂျာမနီက မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံတစ်ခုမှ မှာယူးထားပါတယ်။ ရှေ့ မီးလုံးတပ် မျက်နှာပြင်တစ်လျှောက် ကတော့ ခရိုမီယံ-ကြေးနီးစပ် သံဇကာဒီဇိုင်းတပ်ဆင်ထားပါတယ်။ အချို့ ဆို ပလပ်စတစ် သားပေါ် ကာဘွန်ဖိုက်ဘာဖုံးတာမျိုး လုပ်ထားပြီး မတော်တဆ ကားတိုက်မှု ဖြစ်တောင် ပုံစံ မပြောင်းစေဖို့ ကာကွယ်ထားတာလည်း ဖြစ်ပါတယ်။ ကားဘော်ဒီတစ်ခုလုံးကို အလူမီနီ ယံ တော် တော်များများ အသုံးပြုတဲ့အတွက် ပြောင်လက်နေတာ တွေ့မြင်နိုင်ပါတယ်။

ဇိမ်ခံပစ္စည်းအနေကတော့ စပီကာ ၂၈လုံး၊ နောက်ကင်မရာ၊ ၄ရာသီဇုန်ထိန်း အဲယားကွန်းစနစ်၊ Navigation စနစ်၊ Bluetooth၊ iPod ချိတ်ဆက်ရန် အပေါက်၊ စမတ်ကီး၊ ပါဝါဝင်းဒိုး၊ ရေခဲသေတ္တာ၊ ကိုယ်ဟန် ၁၀မျိုးအထက်ပြောင်း ပါဝါထိုင်ခုံ၊ ပြင်ပအပူချိန်တိုင်း ကိရိယာ၊ ကွန်ပျူတာထိန်းချုပ် အော်ဒီယို စနစ်၊ စီဒီ ၁၂ချပ်ထည့် စီဒီချိန်ဂျာ၊ ရှေ့ ခန်း၊ နောက် ခမ်း စုစုပေါင်း LCD တီဗီတပ်ဆင်ပြီး အစရှိသဖြင့် စုံစုံလင်လင် ပါရှိပါတယ်။ တံခါး နှစ်ပေါက် လေးယောက်စီး အမိုးဖွင့်ပိတ်ကားနဲ့ အလုံပိတ်ကားဆိုပြီး နှစ်မျိုး ထုတ်လုပ် ထားပါတယ်။

ကားအရှည် ၁၈၉.၃ လက်မ၊ အကျယ် ၇၅.၅ လက်မ၊ အမြင့် ၅၄.၇ လက်မ၊ ကိုယ်စီအတိုင်းရှိပြီး အလေးချိန်အားဖြင့် ၅၁၈၁ ပေါင်ရှိပြီး GTC ဆိုရင် ၅၄၇၈ ပေါင်ရှိပါတယ်။   ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၂သိန်း ၅ ဝန်းကျင်မှာ ရှိပြီး မြန်မာပြည်ဈေးကွက်မှာ သိန်း ၄၀၀၀ ဝန်းကျင်နဲ့ ရနိုင်တဲ့ကာ များအဟာ မြန်မာပြည်မှာ လက်ချိုးရေလို့ရအောင် အနည်းငယ် ပဲ ရှိပါသေးတယ်။
----
http://www.colayonline.com.mm/automobile/portal.html#auction

















0 comments: