Apple မှ iPhone 5, iPod touch, iPod nano ထုတ်ဖော်ပြသ



စက်တင်ဘာ ၁၂။       ။ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ တွင် Apple တို့ iPhone 5 နှင့်အတူ မော်ဒယ်သစ် iPod touch, iPod nano, ear phone များလည်း ထုတ်ဖော်ပြသခဲ့သည်။

ပိုမိုမြန်ဆန်သော LTE wireless network နှင့်  display အရွယ်ပိုကြီးလာသော iPhone ဖြစ်သည်။ ယခင်က ၃.၅ လက်မ မျက်နှာပြင်မှ ယခုအခါ ၅ လက်မ screen ဖြစ်ပြီး Homepage တွင် icon role ၅ခုအထိ ပြသနိုင်သည်။ ယခင်က A5 processor ကိုအသုံးပြုထားရာ ယခု iPhone 5 မှ A6 chip မှာ ၂ ဆပိုမြန်ပြီး အရွယ် ၂၂ ရာခိုင်နှုန်း ပိုငယ်သွားကြောင်း သိရသည်။

ဖန်၊ အလူမီနီ နှစ်မျိုးဖြင့်သာ ပြုလုပ်ထားပြီး Apple ထုတ်သမျှ iPhone ထဲမှ အပါးဆုံးနှင့် အပေါ့ဆုံးဖြစ်ကြောင်း သိရသည်။ 7.6mm အထူရှိပြီး ယခင် iPhone 4S ထက် ၁၈ ရာခိုင်နှုန်း ပါးသွားသည်။ ဝိတ်လည်း ၁၁၂ ဂရမ်သာ ရှိသဖြင့် ယခင်က ၂၀ ရာခိုင်နှန်းပေါ့သွားသည်။ မြောက် အမေရိက၊ ဥရောပ၊ အာရှတို့အတွင် အသုံးပြုလို့ရသည့် LTE Network ထောက်ပံ့ပေးသည်။ Wi-Fi speed 150mbps အထိမြင့်တင်ထားသည်။

ဘက်ထရီ ကိုလည်း standby တွင် ၂၂၅ နာရီခံသည်။ LTE ဖြင့် Browse လုပ်လျှင် ၈ နာရီ အပိုထောက်ပံ့ပေးသည်။ ကင်မရာမှာလည်း ယခင် iPhone 4S ထက် ၂၅ ရာခိုင်နှုန်း သေးငယ်သွားသည်။ Low light mode တွင်ရိုက်ကူးရန်လည်း ထောက်ပံ့ပြီး Panorama picture များကို ၂၈ megapixel အထိ ရိုက်ကူးနိုင်သည်။ Photo capture ၄၀ ရာခိုင်နှုန် ပိုမိုမြန်ဆန်သည်။ Facetime camera မှာလည်း HD ဖြစ်သည်။

iPhone 5 တွင် accessorie အသစ်များ ပါဝင်လာသည်။ အသံဆူညံမှုကို ထိန်းပေးသည့် noise-cancelling earpiece ကဲ့သို့ ear phone အသစ် ပါဝင်လာသည်။ iPhone 5 ကို ငွေရောင်နှင့် အဖြူရောင် သို့မဟုတ် အနက်ရောင်နှင့် အုတ်ကြွပ်ရောင် ဟူ၍ ထုတ်လုပ်ထားသည် ဟုသိရသည်။ စက်တင်ဘာလ ၂၈ ရက်မှ စတင်၍ နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် တစ်ပြိုင်နက် ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။ iPhone 5 ထွက်ရှိမှုနှင့်အတူ iPod touch အသစ်နှင့် iPod nano မော်ဒယ်အသစ်၊ Ear phone အသစ်များလည်း ပါဝင်သည်။ iOS 6 အသစ်ကိုလည်း မိတ်ဆက်ပြသပြီး Apple user များအတွက် အခမဲ့ဖြန့်ချိမည်ဟု သိရဲ့သည်။ iTune software ကိုလည်း update လုပ်ပြီး Apple user များ အသုံးပြုလို့ ပိုမိုအဆင်ပြေလာရန် ရည်ရွယ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဒုတိယလေးလတွင် iPhone အလုံးရေ ၂၆ သန်းသာ ရောင်းချခဲ့ရပြီး ယမန် ပထမလေးလထက် ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထို့ကြောင့် ယခု iPhone က Apple product များထဲမှာ စံချိန်တင်ရောင်းချရမည့် Device တစ်ခုဖြစ်လာရန် မျော်လင့်ကြောင်း CEO- Tim Cook မှ ပြောဆိုခဲ့သည်။
---
Ref:News.cn











0 comments: