အင်္ဂလန်မှ တကယ့် ကြောင်သူခိုးစစ်စစ်


ပုံမှာ မြင်တွေ့ရတဲ့ Denis အမည်ရကြောင်ဟာ အင်္ဂလန်အရှေ့ ပိုင်း Bodfordshir ပြည်နယ်၊ Luton မြို့ က နာမည်ကြီးကြောင်တစ်ကောင်ဖြစ်လာပါတယ်။ အိမ်နီးနားဝန်းကျင်က အဝတ်အထည်ပေါင်း တစ်ရာကျော်ခိုးယူပြီးနောက် ကြောင်သူခိုးလို့ နာမည်ကြီးလာတာ ဖြစ်ပါတယ်။

အဝတ်တင်မကပဲ ဘောလုံး၊ သွာတိုက်တံ၊ ဖိနပ်၊ ဒီဇိုင်နာရှပ်အိင်္ကျီ၊ ဘိုမရုပ်၊ လက်အိတ်၊ ဇွန်း၊ လက်ဘက်ရည်ပန်းကန်၊ အမျိုးသားအတွင်းခံ၊ အမျိုးသမီးအတွင်းခံ၊  စတာတွေလည်း ပါဝင်ပါတယ်။ အိမ်နီးနားချင်းက အခန်းတွင်း၊ အခန်းပြင်၊ ခြံဝင်းတွင်းက ပစ္စည်းတွေကို ခိုးယူပြီး အသက် ၄၉ နှစ်အရွယ် သူ့ရဲ့ သခင် Lesley Newman အိမ်တွင်းတစ်နေရာမှာ စုစည်းထားတတ်ပါတယ်။ လအတော်ကြာမှ သူခိုးထားတဲ့ ပစ္စည်းတွေကို တွေ့ရှိပြီး သခင်ဖြစ်သူ အံ့သြခဲ့ရပါတယ်။

Denis အမည်ရ ကြောင်ဟာ အသက် ၂ နှစ်အရွယ် အနက်အဖြူ၊ ကွက်ကြား အဆင်းရှိ တစ်ကောင်ဖြစ်တယ်လို့ သိရပါတယ်။
---
Ref:Dailymail.co.uk




0 comments: