LG ရဲ့ ကွေးနိုင်တဲ့ ဒုတိယမြောက် စမတ်ဖုန်း LG G Flex 2


LG G Flex 2 ဆိုတာ ယခင်က ထွက်ရှိဖူးတဲ့ LG G Flex ပြီးနောက် အသစ်ထွက်လာတဲ့ ဗားရှင်းတစ်ခု ဖြစ်ပါတယ်။ အရင်တုန်းက ၆ လက်မ စမတ်ဖုန်း အဖြစ် ထုတ်လုပ်ရာမှာ ယခုဖုန်းကတော့ ၅.၅ လက်မပဲ ရှိပါတော့တယ်။ iPhone 6 နဲ့ အထူချင်းတူတာကြောင့် ကမ္ဘာ့ အပါးဆုံး စမတ်ဖုန်းထဲလည်း ပါဝင် ပါအုံးမယ်။


ကွေးကောက်နိုင်တဲ့ Gorilla Glass 3 မျက်နှာပြင်ကို အသုံးပြုထားပြီး စက်လည်ပတ်ရန် သုံးထားတဲ့ နည်းပညာ ပစ္စည်းများကတော့  Qualcomm Snapdragon 810 processor (2GHz),LTE, NFC, Wi-Fi တို့ ဖြစ်ပြီး 16GB,32 GB ဗားရှင်းတို့ ထွက်ပြီး 2TB ပမာဏရှိ microSD memory ကဒ်ကိုလည်း ထည့်သွင်း နိုင်ပါတယ်။ မိနစ် ၄၀ အတွက် ပါဝါ ၅၀ ရာခိုင်နှုန်း ပြည့်အောင် ဖြည့်နိုင်တဲ့ အရည်အသွေးလည်း ရှိပါတယ်။

LG G Flex ပထမ ဗားရှင်းမှာကတည်းက ပါဝင်တဲ့ အရည်အသွေး ကတော့ self healing technology ဖြစ်ပါတယ်။ သူက အခြစ်ရာ ထင်သွားရင်တောင် သူ့အလိုသူ ပြန်ကောင်းအောင် ပြုပြင်သွားတဲ့ နည်းပညာ ဖြစ်ပါတယ်။ ယင်း နည်းပညာကို အသုံးပြုနိုင်တဲံ စမတ်ဖုန်း ဆိုတာ LG G Flex မှာပဲ ရှိသေးပြီး ယခုတော့ LG ရဲ့ ဒုတိယမြောက် စမတ်ဖုန်း တစ်လုံး ဖြစ်လာပါတယ်။

မကြာမီ ကမ္ဘာအနှံ့ဖြန့်ချိတော့မယ့် စမတ်ဖုန်း ဖြစ်ပေမယ့် ဈေးနှုန်းကို မကြေညာ ရသေး ပါဘူး။
.
Ref: pocketlint
အောင်ခမ်း (www.innewsmyanmar.com)

0 comments: