ပျောက်ဆုံးနေတဲ့ကလေးတွေကို ကူရှာပေးမယ့် Facebook


 National Center for Missing and Exploited Children (NCMEC) နဲ့ Facebook တို့ ပူးပေါင်းလို့ Facebook မှာ Feature တစ်ခု စတင်နေပါပြီ။ ယင်းကတော့ ပျောက်ဆုံးနေတဲ့ ကလေးများကို ကူညီ ရှာဖွေပေးခြင်း ဖြစ် ပါတယ်။ ယင်းကို လောလောဆယ်မှာ အမေရိကန်မှာပဲ အသုံးပြုလို့ ရနေသေးပေမယ့် အနာဂတ်မှာ ကမ္ဘာအနှံ့သို့ ရောက်အောင် ပြုလုပ် သွားမှာ ဖြစ်ပါတယ်။


သူ့ကို Amber Alerts လို့လည်းခေါ်ပါတယ်။ ကလေးပျောက်ဆုံးတဲ့ နေရာဒေသ အတွင်းမှာပဲ Facebook အသုံးပြုနေသူများထံသို့ NewsFeed ကနေ ပျောက်ဆုံးနေတဲ့ ကလေးရဲ့ အချက်အလက်များကို ပို့ပေးမှာ ဖြစ်ပါတယ်။ ယင်းမှာ ဓာတ်ပုံ၊ အမည်၊ အရပ်အမောင်း အသေးစိတ် နဲ့ အခြား အသေးစိတ် အချက်အလက်မျးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ NCMEC ကို တည်ထောင်သူဟာလည်း ၁၉၈၀ ကျော်က သူ့ရဲ့ သမီးလေး ပျောက်ဆုံးခဲ့ဖူးပြီး အသတ်ခံခဲ့ရပါတယ်။ ဒါကြောင့်မို့ ကလေးပျောက် ရှာဖွေရေး အဖွဲ့ကို တည်ထောင်ပြီး လုပ်လာတာ အတော်လေး လူသိများလာပါတယ်။ ယခု ဆိုရင် Facebook နဲ့ ပူးပေါင်းပြီး ယင်း Feature ကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

လူတိုင်း တီဗီကြည့်၊ ရေဒီယို နားထောင် မသေချာပေမယ့် Facebook ကတော့ အသုံးပြုနေကြတဲ့ ခေတ် ဖြစ်တာကြောင့် ယခုလို အိုင်ဒီယာကို ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ ပါတယ်။
.
Ref: huffingspot
အောင်ခမ်း (www.innewsmyanmar.com)

0 comments: