၁၃ လက်မ အရွယ်ကြီး Apple iPad ထွက်မည်


Apple အနေနဲ့ အရွယ်အစား ကြီးတဲ့ iPad ကို ထုတ်လုပ်လာနိုင်ချေ ရှိကြောင်း လေ့လာသူ ပညာရှင်များက ထုတ်ပြန်ခဲ့ပါတယ်။ ယင်း ထုတ်ပြန်မှုက သာမန် ခန့်မှန်းမှုမျိုး မဟုတ်ပဲ Apple ရဲ့ အတွင်းသတင်းများ ဖြစ်ပြီး ယင်းကို ပြန်လည် ဖောက်သည်ချခြင်း ဖြစ်ပါတယ်။


ဒါကြောင့် ၁၃ လက်မ iPad ထုတ်လုပ်မယ် ဆိုတဲ့ သတင်းက နည်းပညာ လောကမှာ ဂယက်ရိုက်နေပါပြီ။ အရွယ်အစား တိတိကျကျ အားဖြင့် ၁၂.၉ လက်မ ရှိမှာ ဖြစ်ပြီး အဓိက ရည်ရွယ်တဲ့ ဈေးကွက်က လုပ်ငန်းသုံး ဈေးကွက် ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်နဲ့ ရုံးလုပ်ငန်း လုပ်နေသူများအတွက် ရည်ရွယ်ပြီး စတိုင်ကျတဲ့ စမတ် ပစ္စည်း တစ်ခု ဖြစ်စေမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ရုံးမှာ သုံးရန် လိုအပ်တဲ့ App ပေါင်း များစွာ ထည့်သွင်းထားပေးမှာ ဖြစ်ပြီး iPad တစ်ခုတည်းနဲ့တင် အလုပ်များ လုပ်နိုင်စေမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဈေးနှုန်းကတော့ ခန့်မှန်းမပေးထား ပါဘူး။

သူ့အနေနဲ့ ပါဝင်တဲ့ အခြား feature များကတော့ Samsung Galaxy Note များမှာ မြင်ရလေ့ ရှိတဲ့ အာရုံခံ အစိတ်အပိုင်းများလည်း ပါဝင်နိုင်ချေ ရှိကြောင်း ရေးသား ပြောဆိုထားကြ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: