စကော့တလန်မှာလည်း စားသောက်ဆိုင်ဖွင့်မယ့် ကင်ဂျုံအန်


ပြုန်းယမ်းစားသောက်ဆိုင်လို့ အမည်ရတဲ့ ဆိုင်များကို တရုတ်ပြည်၊ ဟောလန် တို့မှာ တွေ့မြင်ရပြီး မြောက်ကိုရီးယားနဲ့ ရင်းနှီးချစ်ကြည်တဲ့ နိုင်ငံအချို့မှာလည်း ရှိနေပါတယ်။ အမှန်တော့ မြောက်ကိုရီးယားက ဗြိတိန်နဲ့ အဆင်မပြေပါဘူး။ ဒါပေမယ့် ဗြိတိန် လက်အောက်က စကော့တလန်ကျွန်းစုမှာ စားသောက်ဆိုင် ဖွင့်တော့မှာ ဖြစ်ပါတယ်။


ယင်းစားသောက်ဆိုင်ဟာ ပြုန်းယမ်းလို့ အမည်ရှိပေမယ့် မြောက်ကိုရီးယားကနေ လာတာကြောင့် ကင်ဂျုံအန်နဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်ကြောင်း လည်း ယုံကြည်ထားကြ ပါတယ်။ ဆိုင်မှာ ရရှိနိုင်တဲ့ အစားအစာ များကတော့ ခွေးသား၊ ပင်လယ်စာ နဲ့ အခြားသော ကိုရီးယား ရိုးရာ အစားအစာများ ဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ အရက်ကြိုက်နှစ်သက်သူ ဖြစ်ပြီး စကော့တလန်က လာတဲ့ အရက်များကို အင်မတန် ကြိုက်သူ ဖြစ်ပါတယ်။

စကော့တလန်တင်မက အင်္ဂလန်သားများပါ ယင်း စားသောက်ဆိုင်ကို ဖွင့်တဲ့အခါ သွားရောက် စားသုံးရန် စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)
.

0 comments: