ကင်ဆာရောဂါသည် ဘတ်စကတ်ဘောကစားမယ်လေးက ဒေါ်လာ၁သန်း ရန်ပုံငွေရှာပေးနိုင်ခဲ့


Lauren Hill  လို့ အမည်ရတဲ့ အသက် ၁၉ နှစ် အရွယ် အမျိုးသမီးငယ်လေးဟာ Ohio ပြည်နယ်က ကျောင်းတစ်ကျောင်းရဲ့ လက်ရွေးစင် အမျိုးသမီး ဘတ်စကတ်ဘော အားကစား သမား ဖြစ်ပါတယ်။ အထက်တန်း ကျောင်းသူ ဖြစ်တဲ့ သူမမှာ ဘဝအတွက် အကြီးမားဆုံး အားနည်းချက် ကတော့ ကုသလို့ မရနိုင်တော့တဲ့ ဦးနှောက်ကင်ဆာ ရောဂါ ဝေဒနာကို ခံစားနေရခြင်း ဖြစ်ပါတယ်။


ဦးနှောက်ကင်ဆာ ရောဂါသည် အနေနဲ့ ဘဝမှာ သိပ်အကြာကြီး နေထိုင်ဖို့ အချိန် သိပ် မရှိ ပါဘူး။ သာမန် လူတစ်ယောက် ဆိုရင် သေရတော့မယ် အတူတူ ဘဝကို ဖြစ်သလို ဖြတ်သန်း ကြမှာပါ။ သူမကတော့ သူမကိုယ်တိုင်အတွက် အကျိုးရှိရှိ ဖြတ်သန်းတဲ့အပြင် အခြား ရောဂါ ဝေဒနာ ခံစားနေရသူများအတွက်တောင် ရန်ပုံငွေ ရှာပေးလိုက်ပါသေးတယ်။ အခြားသော ကင်ဆာရောဂါသည်များ ဆေးဝါးကုသရန်၊ ဆေးဝါးများ ရရှိနိုင်ရန်အတွက် ဘတ်စကတ်ဘော ကစားခြင်းဖြင့် ရန်ပုံငွေ ရှာခဲ့ရာ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ သန်း ရှာဖွေ ပေးနိုင်ခဲ့ ပါတယ်။

ယင်းအတွက်လည်း သူမနှင့်အတူ လူအချို့ ဖောင်ဒေးရှင်း တစ်ခု ထောင်ခဲ့ပြီး ဘတ်စကတ်ဘော ကစားပွဲများကို ဆက်တိုက် ကစားခဲ့ခြင်း ဖြစ်ပါတယ်။ ရောဂါ အခြေအနေက မဆိုးလှ သေးတော့ Lauren Hill ဟာ အားကစား ပြုလုပ်နေနိုင် ပါသေးတယ်။ သူမရဲ့ လုပ်ရပ်ကြောင့် အမေရိကန်က လူငယ်များ အကြားမှာ အတုယူစရာ ဖြစ်လာခဲ့ပါတယ်။
.
Ref: huffingspot
အောင်ခမ်း (www.yoyarlay.com)
.

0 comments: