လေနဲ့ မောင်းတဲ့ကား



Tata AirPod လို့ အမည်ရတဲ့ကား ဖြစ်ပါတယ်။ အိန္ဒိယ တာတာ ကုမ္ပဏီက ထုတ်တဲ့ ကား ဖြစ်ပါတယ်။ ဈေးကွက်မရောက်ရှိသေးပေမယ့် ဖန်တီးမှု အောင်မြင်တာကတော့ ၂၀၁၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရရသလိုပဲ ကားက ၂ ယောက်စီးလို့ရပါတယ်။


သူ့ကို လေနဲ့ပဲ လည်ပတ်မောင်းနှင်စေမှာပါ။ လေနဲ့ လည်ပတ်မယ့် တာဘိုင်ထည့်သွင်းထားပြီး ထည့်သွင်းလိုက်တဲ့ လေက အားကြောင့် အတွင်းက စက်လည်ပတ်မှု ဖြစ်ပြီး ကားဘီးကို လည်စေမှာ ဖြစ်ပါတယ်။ လေကိုလည်း အပြင်ကနေ အလိုအလျောက် ဆွဲယူနိုင်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ အိန္ဒိယ တာတာက ထုတ်မှာ ဆိုပေမ့ယ် တီထွင်ဖန်တီးထားတာကတော့ ဥရောပ ပညာရှင်များ ဖြစ်ပါတယ်။

အနာဂတ်မှာ လောင်စာဆီ ရှားပါးလာပြီး ပတ်ဝန်းကျင် လေထု ညစ်ညမ်းလာတဲ့ အခါ လေကို အသုံးပြုတဲ့ ကားမျိုးနဲ့ အစားထိုးစေဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံးပြီး လျှပ်စစ်ဓာတ်အားထုတ်၊ ယင်း လျှပ်စစ်ဓာတ်အားကနေ ကားကိုမောင်းနှင်ဖို့ အခြား ကား ထုတ်လုပ်ရေး ကုမ္ပဏီများ စဉ်းစားနေချိန် TaTa ရဲ့ အတွေးအခေါ်မှာ ထူးခြားသွားခဲ့ ပါတယ်။
.
Ref: techblog
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: