iPhone 94 လုံးကို ပတ်လို့ တရုတ်ပြည်သို့ ဝင်သူ


ဟောင်ကောင်မှ တရုတ် တစ်ဦးဟာ iPhone 94 လုံးကို တစ်ကိုယ်လုံးကို ပတ်လို့ တရုတ်ပြည်မ ကြီးကို ယခုလို ဝင်ခဲ့ပါတယ်။ သူ့ကို စစ်ဆေးရေး ဂိတ်မှာပဲ ယခုလို မိသွားပါတယ်။


အိတ်ထဲမှာ ဘာမှ မရှိပေမယ့် စစ်ကို ကျော်ဖြတ်တဲ့အခါ အချက်ပေးသံ မြည်တာကြောင့် လူကို အဝတ်အစား ချွတ်ကြည့်တဲ့အခါ iPhone များကို ယခုလို မိခဲ့ခြင်း ဖြစ်ပါတယ်။ တရုတ်ပြည်မ ကြီးမှာ iPhone 6 ရောင်းချတဲ့ အချန်ကာလ နောက်ကျပြီး Apple ရောင်းချနေမှုအားက မလောက်ပါဘူး။ ဒါ့အပြင် ဈေးနှုန်းလည်း ကြီးကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာကနေ သယ်ဆောင်လာတဲ့ အလုံးများကို နိုင်ငံတကာ ဈေးအတိုင်း ရောင်းချဖို့ မှောင်ခို သွင်းသူများ ရှိပြီး အချို့တလေများကို ယခုလို မိပါတယ်။

၉၄ လုံး စလုံးလုံးကို ယခုလို တစ်ကိုယ်လုံးမှာ မသိသာအောင် ပိတ်စီးထားနိုင်တာကိုတော့ လူအများ အံ့သြသွားပါတယ်။ ဗိုက်သား၊ ကျောသား နဲ့ ပေါင်တစ်ဝိုက် မချန်ပဲ ယခုလို စည်းခဲ့ခြင်း ဖြစ်ပါတယ်။

Ref: dailymail
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm
.

0 comments: