ကာလာဘလိုင်းတွေကို အရောင်စုံမြင်စေမယ့် မျက်မှန်


ပုံ ဘယ်ဘက်မှာက သာမန်လူတစ်ယောာက် ရဲ့ မြင်ကွင်း အမြင် ဖြစ်ပြီး ဘယ်ဘက်မှာကတော့ ကာလာဘလိုင်း တစ်ဦးကို မျက်မှန် တပ်ပေးလိုက်တဲ့ အခါ မြင်ရစေတဲ့ အရောင် ဖြစ်ပါတယ်။ ယင်းမျက်မှန်က အရောင်တွေ ကို မြင်နိုင်စွမ်း မရှိတော့တဲ့ ချို့တဲ့တဲ့ အမြင်အာရုံရှင်များအတွက် သီးသန့် ထုတ်လုပ်ထားသော  EnChroma အမည်ရ မျက်မှန် ဖြစ်ပါတယ်။


 EnChroma လို့အမည်ရတဲ့ မျက်မှန်ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၂၅ ကနေ ၄၅၀ ဒေါ်လာကြားမှာ ကုန်ကျမှာ ဖြစ်ပါတယ်။ ဈေး တစ်ယောက်နဲ့ တစ်ယောက် မတူမှာကတော့ ကာလာ ဘလိုင်းဖြစ်တဲ့ အမျိုးအစားနဲ့ အရောင် အရေအတွက်ပေါ်မှာ မူတည်တာကြောင့် ဖြစ်ပါတယ်။ မိမိမမြင်နိုင်တဲ့ အရောင်ကို မြင်အောင် သေချာ ဖော်ထုတ်ပြီး ယင်း နည်းပညာနဲ့ လိုအပ်တဲ့ သတ္တု ပစ္စည်းကို ထည့်သွင်းလို့ နောက်ဆုံးတော့ သာမန် နေကာ မျက်မှန် တစ်လက်နဲ့ တူတဲ့ အရာကို ဖန်တီးထုတ်လုပ်ပေးခြင်း ဖြစ်ပါတယ်။ ယင်း မျက်မှန်ကို အလုပ်လုပ်တဲ့အခါပဲ ဖြစ်ဖြစ်၊ အပြင်သွား၊ အားကစား၊ ထမင်းချက် အစရှိသဖြင့် နေ့စဉ် လူနေမှု ဘဝမှာ အမြဲ တပ်ထားနိုင်အောင် ဖန်တီးထားပေးပြီး  အကြမ်းလည်း ခံပါတယ်။

ကမ္ဘာအရပ်ရပ်က အရောင်တွေကို မြင်နိုင်စွမ်း မရှိတဲ့ လူများ အားလုံး အသုံးပြုနိုင်ရန် ဖန်တီးထားတဲ့ ယင်းမျက်မှန်ကို မကြာမှီ ဈေးကွက် ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: huffingspot
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: