Frozen ရုပ်ရှင်ထဲက မင်းသမီး Elsa လို တကယ်နေထိုင်သူ



ဗြိတိန်နိုင်ငံမှ Kirsty Taylor  လို့ အမည်ရတဲ့ အမျိုးသမီးဟာ Frozen ကာတွန်း ရုပ်ရှင်ထဲက မင်းသမီး Elsa ကဲ့သို့ စင်စစ် ပိုမို တူအောင် နေထိုင်သူဖြစ်ကြောင်း သတင်းများက ဖော်ပြပါတယ်။


သူမဟာ Frozen ကာတွန်း ဇာတ်လမ်းအမြည်းကို ကြည့်ပြီးသွား ကတည်းက Elsa နဲ့ သူမဟာ ဆက်စပ်မှု တစ်ခုခု ရှိနေသလို ခံစားရပြီး အဲ့ကတည်းက စလို့ သူမလို နေထိုင်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ရုပ်ရှင်ထွက်လာတော့လည်း ကြည့်ပြီး Elsa ကဲ့သို့ တကယ် ဝတ်စားနေထိုင်ပါတယ်။ သူမဟာ ယင်းမတိုင်ခင်က စိတ်ဓာတ်ကျ ရောဂါဝေဒနာခံစားရပြီး အခန်းထဲမှာ လောင်ပိတ် နေထိုင်ပါတယ်။ ယခုတော့ သူမဟာ သာမန် နေ့စဉ် အလုပ်များကို ပြန်လုပ် လာနိုင်ပြီး ယင်းဟာ Elsa မင်းသမီးလေးကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။

သူမရဲ့ ယုံကြည်မှုနဲ့ အိမ်မှာနေ ဝတ်စားမှုက အဲ့ဒီမှာတင် မပြီး တီဗီ အစီအစဉ် အချို့ ကတောင် သူမ အကြောင်းကို အင်တာဗျူးများ ပြုလုပ်လာခဲ့ ပါတယ်။ သူမဟာ သူမ ယုံကြည် နှစ်သက်ရာကို ပြုလုပ်ရင်းက အပြင်လောကက Elsa အစစ် လေလားလို့တောင် ပြောဆိုခံ နာမည်ကြီးလာရ ပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: