ဘာစီလိုနာမြို့ရဲ့ အပေါ်စီးမြင်ကွင်း


ပုံမှာ မြင်တွေ့နေရတာဟာ ဘာစီလိုနာမြို့ရဲ့ အပေါ်စီးမြင်ကွင်း ဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်ဖြစ်ပြီး ဥရောပမှာ ဆိုရင် နံပါတ် ၆ မြောက် လူဦးရေ အများဆုံး၊ အထူထပ်ဆံုံးမြို့ ဖြစ်ပါတယ်။ မြို့ပေါ်မှာ ၁.၂ သန်းမက လူဦးရေ ရှိပြီး တိုးချဲ့လိုက်တဲ့ နေရာဒေသကြောင့် စုစုပေါင်း ၄သန်းခွဲကျော်မက အထိရှိလာပါတယ်။


မြို့မှာ ထူးခြားတာကတော့ အဆောက်အအုံများ တည်ဆောက်ထားပုံ ဖြစ်ပါတယ်။ အပေါ်စီးကနေ ကြည့်လိုက်တဲ့ အခါ Lego အရုပ်မြို့တော် တစ်ခုလားလို့ ထင်ရတဲ့ အပြင် အနာဂတ် ခေတ်လွန်သိပ္ပံ မြို့ကြီးတစ်မြို့လိုလည်း ထင်ရ ပါတယ်။ ကမ္ဘာ့အဓိက မြို့တော် စာရင်းထဲမှာလည်း ပါဝင်တဲ့ ဘာစီလိုနာဟာ ၂၄ ခုမြောက်မြို့ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကနေ စလို့ ဘာစီလိုနာဟာ ဥရောပမှာ smart city လို့ အမည်တွင်သွားပါတယ်။ ဘီစီ ၁၅ ကတည်းက ရှိလာပြီး ခေတ်နဲ့အညီ သူ့ရဲ့ တိုးတက်မှုဟာ မြန်ဆန်ခြင်းကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့ မြို့တွင်း ရထား သယ်ယူပို့ဆောင်ရေးဟာ အဆင့်မြင့်လာခြင်းကြောင့်လည်း ဖြစ်ပါတယ်။

Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)

0 comments: