သခင်ဆီက အမွေရပြီး အချမ်းသာဆုံး ဖြစ်လာတဲ့ ခွေး



Bella Mia လို့အမည်ရတဲ့ ခွေးမလေးဟာ သခင်မဆီကနေ အမွေ အမေရိကန်ဒေါ်လာ ၁.၅ သန်းကျော် ရရှိပြီးနောက် ကမ္ဘာ့ အချမ်းသာဆုံး ခွေး ဖြစ်လာ ပါတယ်။


ပိုင်ရှင်အမျိုးသမီး ဖြစ်တဲ့ Mrs Bolasny ဟာ နယူးယောက်မြို့မှာ နေထိုင်ပြီး ကုမ္ဗဏီတစ်ခုမှာ စာရင်းကိုင် အဖြစ် အလုပ်လုပ် ပါတယ်။ သူမဟာ အမေရိကန်ဒေါ်လာ ၁.၅ သန်း အပြင် အားလပ်ရပ်မှာ အနားယူ အပန်းဖြေမယ့် အိမ်နဲ့အခြားသော နေရာများစွာလည်း ပါဝင်ပါသေးတယ်။ လက်ရှိမှာလည်း တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်သိန်းလောက်ကို သူမရဲ့ ခွေးအတွက် အသုံးပြု ပါတယ်။

အမျိုးသမီးကြီးမှာ အသက် ၃၀ ကျော် သား ၂ ဦး ရှိပေမယ့် အမွေတွေကိုတော့ ခွေး အတွက်ပဲထားခဲ့မှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း သူမရဲ့သား ၂ ဦးက ကြည်ဖြူပြီး မိခင်စိတ်ချမ်းသာတဲ့အတွက် ဝမ်းသာကြောင်း ဆိုပါတယ်။ အမျိုးသမီးကြီးဟာ ခွေးမလေး အတွက် အဝတ်အစား စုံစုံလင်လင် အပြင်၊ အခန်း သီးသန့်ထားခြင်း၊ ထမင်းကို စားပွဲတစ်ဝိုင်းတည်းမှာ အတူစားခြင်း တို့ကို ပြုလုပ်ကြောင်းလည်း သိရပါတယ်။
.
Ref: telegraph
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_yyl

.

0 comments: