ကမ္ဘာ့အကြီးဆုံး ခွဲစိတ် ရင်သား ပိုင်ဆိုင်သူ




Maryra လို့ အမည်ရတဲ့ ဂျာမနီမှ ပုရိသ စွဲဆောင် မော်ဒယ် အမျှိုးသမီးဟာ ကမ္ဘာ ပေါ်မှာ အကြီးဆုံး ခွဲစိတ် ရင်သား ပိုင်ဆိုင်ထားသူ အဖြစ် စံချိန်တင်သွားပါတယ်။ မူမရဲ့ ရင်သားကတော့ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ bra size ဆိုရင် 32Z ရှိပါတယ်။


သူ့အနေနဲ့ အဲ့ဒီလို ကြီးလာဖို့အတွက် ရင်သား တစ်ဖက်တစ်ဖက်ဆီကို Saline လို့ အမည်ရတဲ့ ဆေးရေကို ၁၀ လီတာတောင် ထိုးထည့်ထားခြင်း ဖြစ်ပါတယ်။ saline ဆိုတာ ဆေးဝါးကုသမှုမှာ အသုံးများတဲ့ ဆိုဒီယမ် ကလိုရိုက် ဆေးရေ တစ်မျိုးပါပဲ။ ဒါကြောင့်မို့ တစ်ဖက်တစ်ဖက်ရဲ့ အလေးချိန်က ပေါင် ၂၀ လောက် ရှိပါတယ်။ ဒီတော့ ပေါင် ၄၀ လောက်လေးတဲ့ ရင်သားကို သယ်ဆောင်ထားခြင်း ဖြစ်ပါတယ်။

သူမ အနေနဲ့ ယခုလို ဂင်းနစ်စံချိန်တင်ဖို့ အပြင် အခြားသော ဘယ်လို ရည်ရွယ်ချက်နဲ့ ပြုလုပ်မှန်း မသိပေမယ့် အတော်လေးတော့ နာမည်ကြီးနေပါပြီ။ Twitter မှာ follower  တစ်သိန်းခွဲနီးပါး ရှိနေပြီ ဖြစ်တဲ့ သူမရဲ့ အကြောင်းနဲ့ ဓာတ်ပုံ များကို  https://twitter.com/iambeshine မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။
.
Ref: Metro

1 comment: