ဆစ်ဒနီက ကော်ဖီဆိုင် အနုကြမ်းဝင်စီးမှု အနီးမှာ Selfie ရိုက်သူများပြားခဲ့


မနေ့မနက်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က ကော်ဖီဆိုင် အနုကြမ်းဝင်စီးမှုကို သိကြမှာပါ။ ကော်ဖီဆိုင်ကို လက်နက်ကိုက် အကြမ်းဖက်သမား တစ်ယောက်က ဝင်စီးပြီး ဓားစာခံ ၂၄ ဦးထားရှိခဲ့ခြင်း ဖြစ်ပါတယ်။


ယင်းထဲကနေ ဓားစာခံ ၂ ဦးသေဆုံးခဲ့ပါတယ်။ သြစတေလျး ကွန်မန်ဒို တပ်တားတို့ဟာ မနေ့ည သန်းခေါင် အချိန်မှာ မီးအမှောင်ချလို့ ဝင်ရောင် စီးနှင်းခဲ့ခြင်း ဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့ မနက်ပိုင်းကနေ ညနေအထိ အနီးတစ်ဝိုက်မှာ ကြည့်ရှုသူ အင်မတန် များပြားပါတယ်။ ဒါ့အပြင် ဓာတ်ပုံများ ရိုက်ကြပြီး Selfie များ အင်မတန် များပြားခဲ့ပါတယ်။ မိမိပုံ မိမိပြန်ရိုက်ကြတဲ့ ဓာတ်ပုံများ အများအပြား ထွက်ရှိပါတယ်။ သူတို့ဟာ အခင်းဖြစ်ပွားနေတဲ့ နေရာတဲ့ မီတာ အနည်းငယ်သာ ကွာပါတယ်။ အကယ်၍ ကျည်ဆံ ထွက်လာရင် ထိနိုင်ဖို့ လွယ်ကူလောက်တဲ့ နေရာတွေမှာပါ။

အခင်းဖြစ်ပွားမှုမှာ အများ စိုးရမ်နေကြချိန် သူတို့ဟာ အပျော် ဓာတ်ပုံ ရိုက်ကြတော့ အင်တာနက်မှာ ၎င်းတို့အား အပြစ်တင် ရှုံ့ချသူ များပြားခဲ့ပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: