ကျွန်းထဲက ကန်ထဲက ကျွန်းထဲကကန်


ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရဲ့ တောင်ပိုင်း ၃၁  မိုင် အကွာမှာ ရှိတဲ့ ပင်လယ်ထဲက Luzon ကျွန်းရဲ့ အလယ်ခေါင်မှာ Taal Volcano မီးတောင် ရှိပါတယ်။ သူ့ရဲ့ တည်ဖွဲနေပုံက ထူးဆန်းပါတယ်။ ပင်လယ်ထဲက ကျွန်းထဲက ကန်ထဲမှာ ကျွန်းထထဲမှာ ကန် တစ်ကန် ရှိနေခြင်း ဖြစ်ပါတယ်။


Taal Volcano  ဟာဆိုရင် ဖိလစ်ပိုင်မှာ ဒုတိယမြောက် အလှုပ်ရှားဆုံး မီးတောင် အဖြစ်လည်း စံချိန်တင်ထား ပါတယ်။ သူ့ဘေးပတ်ဝန်းကျင်မှာလည်း နေထိုင်သူ များစွာ ရှိနေပါတယ်။ ယင်းပတ်ဝန်းကျင်မှာပဲ စစ်တမ်းအရ မီးတောင် ပေါက်ကွဲမှု သဘာဝ ဘေးဒဏ်ကြာင့် သေဆုံးသူ ၅၀၀၀ ကနေ ၆၀၀၀ ကြားမှာ ရှိကြောင်း သိရ ပါတယ်။ ကမ္ဘာပေါ်မှာ အန္တရယ်အများဆုံး မီးတောင် ၁၀ လုံး စာရင်းမှာတောင် ပါဝင်နေပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ လေ့လာဖို့အတွက် အမေရိကန် သုတေသန အဖွဲ့က ရွေးချယ်ထားတဲ့ နေရာ ၇ ခုထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ယင်းကဲ့သို့ အန္တရာယ်များတဲ့ မီးတောင်တွေမှာ ထူးခြားချက်က ပတ်ဝန်းကျင် လှပခြင်း ဖြစ်ပါတယ်။ အသေးစိတ်ကို http://en.wikipedia.org/wiki/Taal_Volcano ထဲမှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: