ဇနီးအတွက် လက်စွပ် ကိုင်းခွက် ဝယ်ပေးသတဲ့


ဗြိတိန်နိုင်ငံမှာ ဖြစ်ပါတယ်။ Jonathan H လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ ချစ်ဇနီးကို စနောက်ချင်စိတ်နဲ့ ဝယ်ပေးလိုက်တာကတော့ လက်စွပ် ကိုင်းခွက် ဖြစ်ပါတယ်။ သူမရဲ့ ချစ်သူကို ခရစ်စမတ်လက်ဆောင် အနေနဲ့ ဘာလိုချင်လဲလို့မေးခဲ့ ပါတယ်။


လက်စွပ်တစ်ကွင်းလောက် လိုချင်တယ်လို့ ပြောခဲ့တဲ့ ဇနီးရဲ့ ဆန္ဒကို ဖြည့်ဆည်း အစား သူကတော့ စနောက်ဖို့ ကြိုးစားပါတယ်။ ပုံမှာ မြင်တွေ့ရသလိုပါပဲ။ အပေါ်ကနေ ကြည့်လိုက်ရင် ဗူးကို ဖွင့်လိုက်ရင် လက်စွပ်တစ်ကွင်းပါပဲ။ ပလက်တီနန်နဲ့ လုပ်ထားတဲ့ လက်စွပ်တစ်ကွင်း သယောင် ထင်ရပါတယ်။ အဲ့ဒါကို ဆက်ပြီးတော့ ဖွင့်ကြည့်လိုက်မှ လက်စွပ် မဟုတ်ပဲ ကိုင်းခွက် ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ ကိုင်းခွက်လိုပဲ လက်ချောင်းကို ထိုးလို့ အသုံးပြုရမယ့် ခွက်လေး ဖြစ်ပါတယ်။

အဲ့လိုလေး ထိုးထားရင် လက်စွပ် စွပ်ထားတဲ့ လက်နဲ့ ခွက်ကို ကိုင်ထားသယောင်တောင် ထင်ရပါတယ်။ ယင်းကဲ့သို့ စနောက်ဖို့ ပစ္စည်းကို သေချာ အော်ဒါမှာပြီး စနောက်ခဲ့ပြီး Reddit အမည်ရ ဆိုရှယ် နတ်ဝေါ့ ဝဘ်ဆိုဒ်ပေါ်မှာ ပုံကို ယခုလို တင်ခဲ့ရာ လူကြိုက်များခဲ့ပါတယ်။ အများစုက သူ့ဇနီး သူ့ကို လမ်းခွဲမယ်လို့ ထင်ခဲ့ပေမယ့် ဇနီးဖြစ်သူကလည်း ရယ်စရာ တစ်ခု အနေနဲ့သာ မြင်ပြီးတော့ ပျော်ရွှင်ခဲ့ကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (www.innewsmyanmar.com)

0 comments: