ပျောက်ဆုံးသွားသောအဲအေးရှားအင်ဒိုနီးရှားလေယာဉ် နှင့် ကုမ္ပဏီ ထုတ်ပြန်ချက်



အဲအေးရှားနှင့်အင်ဒိုနီးရှားမှတာဝန်ရှိသူများ၊အင်ဒိုနီးရှားအမျိုးသားရှာဖွေရေးနှင့်အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့(BASARNAS)၊အင်ဒိုနီးရှားလေဆိပ်မှာ တာဝန်ရှိသူများ၊ Angkasa Pura I မှ လေဆိပ်တာဝန်ခံများ သည် ပျောက်ဆုံး သွားသူ မိသားစုများနှင့်တွေ့ဆုံ၍ နောက်ဆုံးဖြစ်စဉ်များကို အကြောင်းကြား ရန် ဖြစ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် အထောက်အကူပေးမည်ဖြစ်ကြောင်း မကြာသေးမီက ဆာရာဘရာတွင် သတင်းထုတ်ပြန် ပြောကြားခဲ့ပါတယ်။


အဲအေးရှားအင်ဒိုနီးရှား၏ အမှုဆောင်အရာရှိချုပ် Mr.Sunu Widyatmoko က ဒီ ကိစ္စကြောင့် ကျွန်တော်တို့အရမ်းထိတ်လန့်ခဲ့ရပြီး ၀မ်းနည်းခဲ့ရပါတယ်။ ယခုဖြစ်စဉ်ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့အင်အားအပြည့် အစုံဖြင့်သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်နေပါတယ်။

ယခုချိန်မှာတော့ကျွန်တော်တို့ရဲ့အဓိကတာဝန်ကစီးနင်းလိုက်ပါလာသူသူမိသားစုများနှင့်ခင်မင်ရင်းနှီးသူများအား နောက်ဆုံးရ သတင်းအချက်အလက်များကို အချိန်နဲ့အမျှ ထုတ်ပြန်ပေးခြင်းပဲဖြစ်ပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။
လေယာဉ်တွင်ပါဝင်သူများအား ဖြစ်နိုင်တဲ့နည်းလမ်းများဖြင့် စုံစမ်းလေ့လာ သွားမှာဖြစ်ပြီး ယင်းတို့၏အရေးပေါ်လိုအပ်ချက်များကို အထောက် အကူဖြစ်ရန် နေစရာထိုင်ခင်း နှင့် ခရီးသွားလာနိုင်ရေး ပါဝင်တဲ့ ထောက်ပံ့နိုင် မည့်အသင်းအား စေလွတ်ပြီးပြီ ဖြစ်ပါသည်။ မိသားစုဝင်များအတွက်လည်း Surabaya တွင် ယာယီနေရာထိုင်ခင်းများ စီစဉ်ပေးထားပါသည်။

စင်ကာပူမှ မိသားစုဝင်များအတွက်လည်း အရေးပေါ်ယာယီနေရာထိုင်ခင်းကို ချန်ဂီ နိုင်ငံတကာလေဆိပ် ဂိတ်ပေါက် နံပါတ်၂ တွင် လည်းထားရှိပြီး  အဲအေရှားအင်ဒိုနီးရှားမှ အရေးပေါ်သတင်းများထောက်ပံ့ပေးမည်ဖြစ်ပါတယ်။
ပျောက်ဆုံးသွားသောလေယာဉ်တွင် ပါဝင်သည့် ဆွေမျိုးများ၊ မိတ်ဆွေများအတွက် အချက်အလက်များစုံစမ်းမေးမြန်းချင်လျှင် အရေးပေါ် ဖုန်းခေါ်ဆိုနိုင်ဖို့ ထားရှိပါတယ်။ ဖုန်းနံပါတ်ကတော့ +၆၂၂၁၂၉၂၇၀၈၁၁ ဖြစ်ပါတယ်။

ယခုချိန်မှာတော့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့အစည်းများ သည် ပြည်တွင်း ရှာဖွေရေး၏ လမ်းညွှန်မှုနှင့် အင်ဒိုနီးရှား သမ္မတနိုင်ငံ၏ကယ်ဆယ်ရေး တပ်ဖွဲ့ (BASARNAS)အောက်မှာ လှုပ်ရှားဆောင်ရွက်နေကြပါတယ်။ အဲအေးရှား အင်ဒိုနီးရှားသည် ဖြစ်နိုင်သည့်နည်းလမ်းမျိုးစုံဖြင့် စုံစမ်းလေ့လာဆောင် ရွက်နေပါတယ်။

ပျောက်ဆုံးသွားသော လေယာဉ်သည် လေယာဉ်နံပါတ် A320-200 ဖြစ်ပြီး မှတ်ပုံတင်အမှတ် PK-AXC ဖြစ်ပါသည်။လေယာဉ်တွင် စီးနှင်းသူ ၁၅၅ ဦးပါဝင်ပြီး လူကြီး ၁၃၇ဦး၊ ကလေး ၁၇ဦး နှင့် မွေးကင်းစကလေး ၁ဦးပါဝင်ပါသည်။။ လေယာဉ်မောင်းနှင်သူ ၂ဦး၊ လေယာဉ်မယ် ၄ဦးနှင့် အင်ဂျင်နီယာ ၁ ဦးပါဝင်ပါသည်။

လေယာဉ်မောင်းနှင်သူ ကပ္ပတိန်သည် လေယာဉ်မောင်းနှင်မှု ပျံသန်းချိန် စုစုပေါင်း ၂၀,၅၃၇နာရီရှိပြီး အဲအေးရှားအင်ဒိုနီးရှားနှင့်အတူ နာရီပေါင်း ၆,၁၀၀ လေယာဉ်မောင်းနှင်ခဲ့သော အတွေ့အကြုံရှိသူဖြစ်ပါ တယ်။ပထမတန်းအရာရှိမှာလည်း အဲအေးရှား အင်ဒိုနီးရှားနှင့်အတူ ပျံသန်းချိန် နာရီပေါင်း၂,၂၇၅ ကျော် အတွေ့အကြုံရှိသူဖြစ်ပါတယ်။
နောက်ဆုံးရသတင်း များကိုရလျင်ရချင်းထုတ်ပြန်မည်ဖြစ်ပြီး ကျွန်တော်တို့ဆုတောင်းမေတ္တာ များမှာ လည်း QZ8501 လေယာဉ် အတွင်းပါဝင်သူများနှင့်အတူတည်ရှိပါတယ်။

Note to Editors: မီဒီယားသမားများအနေဖြင့် ပျောက်ဆုံးသွားသောလေယာဉ်တွင် ပါဝင်သည့် ဆွေမျိုးများ၊ မိတ်ဆွေများအတွက် အချက်အလက်များစုံစမ်းမေးမြန်းရန် ထားရှိသည့် အရေးပေါ်ဖုန်းအား မခေါ်ဆိုရန် တောင်းဆိုထား ပါသည်။ မီဒီယာသမားများအတွက် +၆၂၂၁၂၉၂၇၀၈၃၁ ကို ခေါ်ဆိုနိုင်ပါသည်။

0 comments: