ကမ္ဘာ့နံပါတ် ၁ တိုက်လေယာဉ်


ကမ္ဘာ့ နံပါတ် ၁ တိုက်လေယာဉ် အနေနဲ့ Lockheed Martin F-22 Raptor ကို ရွေးချယ်ထားကြပါတယ်။ သူက အမေရိကန်မှာ ထုတ်ပြီး စုစုပေါင်း အစီး ၁၉၀ ဝန်းကျင်သာ ရှိတဲ့ လေယာဉ် ဖြစ်ပါတယ်။ တစ်စီးတစ်စီးရဲ့ တန်ဖိုးဟာလည်း အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရှိပြီး တစ်ခါတစ်ခါ Upgrade လုပ်ရင်လည်း သန်း ၁၀ ဂဏန်း ကုန်ပါတယ်။


အမေရိကန်ကလွဲလို့ အခြားသော နိုင်ငံတွေမှာ မတည်ဆောက်နိုင်သေး ပါဘူး။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ လောကကမှာ စတင် မိတ်ဆက်ခဲ့တဲ့ လေယာဉ် ဖြစ် ပါတယ်။ သူဟာ မော်ဒယ်စစ်ပွဲလို့ ခေါ်တဲ့ နည်းပညာကို အများဆုံး အသုံးပြုတဲ့ စစ်ပွဲတွေမှာတောင် တိုက်ခိုက်ဖို့ အတွက် ရည်ရွယ်ထားတဲ့ တိုက်လေယာဉ် ဖြစ်ပါတယ်။ ရေဒါကနေ ဖမ်းလို့ မရအောင် လျှို့ဝှက်ပြန်နိုင်တာမျိုးတို့က သူ့ရဲ့ ထူးခြားတဲ့ အားသာချက် တစ်ခု ဖြစ်ပါတယ်။ ဖိုက်တာ ပိုင်းလော့ တစ်ဦးသာ မောင်းနှင်လို့ ရမယ့် လေယာဉ်ပါ။ ယင်းလေယာဉ်ကို မောင်းနှင်ဖို့အတွက် ပိုင်းလော့ကိုသေချာ သေချာ ထပ်မံ လေ့ကျင့်ပေးထားရပါသေးတယ်။ သူ့မှာ အသုံးပြုတဲ့ နည်းပညာများက ယနေ့ မြင်တွေ့ရလေ့ ရှိတဲ့ လေယာဉ်များနဲ့ မတူလို့ ဖြစ်ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး လေယာဉ်လို့လည်း စံချိန်တင်ပြီး အမေရိကန် လေတပ်နဲ့အတူ ဘိုးအင်း လေယာဉ်ထုတ်လုပ်ရေးနဲ့ ပူးပေါင်း ထုတ်လုပ် ဖန်တီးထားတဲ့ လေယာဉ် ဖြစ်ပါတယ်။ Raptor အကြောင်း အသေးစိတ်ကို http://en.wikipedia.org/wiki/Lockheed_Martin_F-22_Raptor ထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: