ငါးနှစ်သမီးလေးရဲ့ ပန်းချီကို Facebook မှာ ပေါင်ငွေ ၁၅၀၀ နဲ့ ရောင်းထွက်



ပုံမှာ မြင်တွေ့နေရတဲ့ ဗြိတိန်နိုင်ငံက ငါးနှစ်အရွယ် ကလေးငယ်လေးဟာ ခရစ်စမတ်မှာ အလှူလုပ်ချင်ရှာ ပါတယ်။ ဒါကြောင့် အိမ်ခြေမဲ့ လူတစ်ဦးကို လက်ဆောင် ပစ္စည်းပေးနိုင်လောက်တဲ့ ငွေကြေးကို ရှာဖို့ ကြိုးစားခဲ့ပါတယ်။ ဗြိတိန်ပေါင် ၂၁ ပေါင် လောက်သာ လိုချင်သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမဟာ ပန်းချီဆွဲပြီး ယင်း စာရွက်ပေါ်က ပန်းချီကို သူမရဲ့ အလှူပေး Facebook Page ပေါ်မှာ တင်ခဲ့ ပါတယ်။


အံ့မခန်းပဲ လေလံမှာ ဗြိတိန်ပေါင် ၁၅၀၀ နီးပါးအထိ ငွေရရှိခဲ့ ပါတယ်။ ကလေးလေးဆွဲထားတဲ့ပုံကို အဲ့ဒီလောက်ငွေပေးဝယ်ကြမယ်လို့တော့ ထင်မထားခဲ့ ပါဘူး။ အမှန်တကယ်ကတော့ ကလေးငယ်လေးရဲ့ လှူတန်းချင်စိတ်ကို ပိုလို့ တိုးပွားစေပြီး ချီးမွမ်း ဂုဏ်ပြုတာလည်း ပါဝင်ပါတယ်။ အလှူအတန်း လုပ်ချင်စိတ်ကို ကလေးငယ်လေးတွေ အထိပါ စီးဆင်းစေဖို့ အတွက် လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်ပါတ်။ ဒါ့အပြင် လိုအပ်တဲ့ ငွေကြေးကို မိဘဆီကနေ တောင်းရမ်းခြင်း မဟုတ်ပဲ ကိုယ်တိုင်လည်း ရှာဖွေစေတတ်ဖို့ ဖြစ်ပါတယ်။

သူမဟာ ရရှိတဲ့ငွေအားလုံးကို လှူတန်းမှာ ဖြစ်ပြီး ထပ်လည်း ရေးဆွဲလို့ လေလံတင် အုံးမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: