အမေရိကန်ဒေါ်လာ ၁၁ သန်းတန် မာစီဒီး ရွှေပြိုင်ကား



မာစီဒီး (Mercedes McLaren SLR) ကို ဆွစ်ဇာလန်နိုင်ငံမှာ ဒီဇိုင်နာ Ueli Anliker အလှဆင်ထားပုံကို ယခုလို မြင်တွေ့ မှာ ဖြစ်ပါတယ်။


တကယ့်ရွှေအစစ်တွေနဲ့ ကားကို ခြယ်သပြင်ဆင် လိုက်ပြီး ရွှေ ၁၁ ပေါင် အသုံးပြုထားပါတယ်။ ဒါကြောင့် ကာလပေါက်ဈေးအရ ရွှေ ချည်းသက်သက်ကို အမေရိကန်ဒေါ်လာ ၃ သိန်း အကုန်ကျခံထားပါတယ်။ ကားတစ်ခုလုံးကို ယခုလို ပုံပေါက်အောင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၄ သန်းအကုန်ကျခံထား ရတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ပြန်လည်းရောင်းချရာမှာတော့ အမေရိကန်ဒေါ်လာ ၁၁ သန်းသတ်မှတ်ထားပါတယ်။


တာယာအလွိုင်းဘီးကအစ ရွှေရည်သုတ်လိမ်းထားတဲ့အတွက် သူခိုးလုံးဝကပ်လို့မရအောင် အာရုံခံအားကောင်း တဲ့ သူခိုးအချက်ပြစနစ် (ultra-sensitive burglar alarm system) တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြားသော လုံခြုံရေးအချက်ပြစနစ်များစွာ တပ်ဆင်ထားရှိပြီး သာမန်ကားတွေမှာတောင် အသုံးမပြုတဲ့ လုံခြုံရေးစနစ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကားရဲ့တန်ဖိုး ကုန်ကျစရိတ်ကြီးမားသွား ခြင်း ဖြစ်ပါတယ်။


၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ထုတ်ဖော်ပြသခဲ့တဲ့ ရွှေမာစီဒီး ကို Red Gold Dearm လို့ အမည်ပေးထားတယ်လို့ သိရပါ တယ်။ 


Ref: autoblog

အောင်ခမ်း (www.innewsmyanmar.com)


.

0 comments: