အနောက်တိုင်းမှာ နာမည်ကျော်နေတဲ The Interview ရုပ်ရှင်


The Interview  လို့အမည်ရတဲ့ ရုပ်ရှင်အကြောင်းကို သိသူများလည်း သိကြမှာပါ။ သူဟ နိုင်ငံရေး ဟာသကား ဖြစ်ပြီး အမေရိကန်က ဂျာနယ်လစ် ၂ ဦး က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကို သတ်ဖို့ ဘယ်လိုကြိုးစားတယ် ဆိုတာကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ အမှန်တော့ ယင်းက အစစ်အမှန် မဟုတ်ပါဘူး။


မြောက်ကိုရီးယားခေါင်းဆောင်ကို လောင်ပြောင်ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြောက်ကိုရီးယားက ဟက်ကာများဟာ ယင်း ရုပ်ရှင်ကို ထုတ်လုပ်တဲ့ ဆိုနီရဲ့ အချက်အလက်သိမ်းဆည်းရာ ကွန်ပြူတာ နဲ့ ဆာဗာများကို ဟက်ခဲ့ပြီး ဇာတ်လမ်းကို ပေါက်ကြားစေခဲ့ပါတယ်။ ဒါ့အပြင် အခြားသော အချက်အလက်များကိုလည်း ယူခဲ့တာကြောင့် ယင်းအချက်များဟာ အပြင်မှာ ပံျံ့နှံ့သွားရင် ဆိုနီအနေနဲ့ ငွေကြေးတန်ဖိုးအားဖြင့် ရှုံးရန် ကန်ဒေါ်လာ သန်းချီမက ရှိနေပါတယ်။ မရိုက်ကူးရသေးတဲ့ နာမည်ကြီး ဇာတ်လမ်းများရဲ့ အဆက် များရဲ့ ဇာတ်ညွန်းများလည်း ပါသွားလို့ ဖြစ်ပါတယ်။

ဒီတော့ အကယ်၍ ယင်း ရုပ်ရှင်ကို ဆက်လက် ရုံတင်ပြသမယ် ဆိုရင် ဆိုနီကိုသာ မက အမေရိကန်က ကွန်ပြူတာ လုံခြုံရေးနစ်စကိုပါ တိုက်ခိုက်ဖို့တောင် မြောက်ကိုရီးယားတို့ ကြွေးကြော်ထားပါတယ်။ ရုပ်ရှင်ရိုက်ကူးမှု ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၄၄ သန်း ရှိပြီး အမေရိကန် ဟာသမင်းသား Seth Rogen နဲ့ Spider Man ရုပ်ရှင်တို့မှာ ပါဝင်ခဲ့ဖူးတဲ့ James Franco တို့လို နာမည်ကြီး မင်းသားများ ပါဝင်ပါတယ်။ ဒီဇင်ဘာ ၁၁ ကတည်းက ရုံတင်နေပါပြီ။ DVD အခွေအနေနဲ့လည်း ထုတ်ဖို့ ရှိကြောင်း သတင်းထွက်နေပါတယ်။ ရုံတင်ရန်မှာ နိုင်ငံရေးအရ အခြိမ်းခြောက် ခံရမှုတွေ ရှိလို့ ဖြစ်ပါတယ်။

ရုပ်ရှင် အမြည်းကို http://youtu.be/frsvWVEHowg ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)
.

0 comments: