အမေရိကန်ပြည်ထောင်စု နည်းပညာအရာရှိချုပ် Megan Smith


ကမ္ဘာ့ နည်းပညာလောကမှာ အလွမ်းမိုးနိုင်ဆုံး အမျိုးသမီး ၇ ဦးမှာ ထပ်ဆုံး အဖြစ် ဖော်ပြခံရသူ ကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Megan Smith လို့ အမည်ရတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ အသက် ၅၀ အရွယ်ရှိပြီ ဖြစ်ပြီး သူမရဲ့ အလုပ် သက်တမ်းတစ်လျှောက်မှာ အောင်မြင်မှုများ ရရှိခဲ့ပါတယ်။


Science ကို Master ဘွဲ့ ရသည် အထိ တက်ရောက်ခဲ့ပြီး MIT မှာလည်း စက်မှုသိပ္ပံဘွဲ့ကို လေ့လာ ရရှိခဲ့ ပါတယ်။ သူမဟာ သူမဟာ Google မှာ ၉နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး အလုပ်လုပ်ခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ ထိပ်တန်း ရာထူးများ ရရှိခဲ့ပါတယ်။ ယင်းမတိုင်ခင်တုန်းကလည်း Startup ကုမ္ပဏီများမှာ လုပ်ကိုင်ခဲ့ပြီး Apple မှာလည်း လုပ်ကိုင်ခဲ့ ပါသေးတယ်။ Google ကနေ အနားယူချိန်မှာတော့ အမေရိကန်နိုင်ငံရဲ့ နည်းပညာ အရာရှိချုပ်အဖြစ် ရွေးချယ် အခန့်အပ်ခံရပြီး သမ္မတ အိုဘားမားကို နည်းပညာ ဆိုင်ရာ အနီးကပ် အကြံပေးနေသူ ဖြစ်ပါတယ်။

သူမဟာ အမေရိကန်နိုင်ငံရဲ့ တတိယမြောက် နည်းပညာ အရာရှိချုပ် (CTO) ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော လူမှုရေးဆိုင်ရာ နည်းပညာ ဆိုင်ရာ လှုပ်ရှားမှုပေါင်းများစွာမှာလည်း ဦးဆောင်ပါဝင်လျက် ရှိပါသေးတယ်။
.
Ref: fastcolab.com
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: