ဘာပီဇာ စားချင်တာလဲကို ခန့်မှန်းတွက်ချက်ပြီး ချပေးမယ့် စက်ရုပ် မီနူး


Pizza Hut ကနေ နေပြီးတော့ အသစ် မိတ်ဆက်မယ့် စက်ရုပ် မီနူးက မိမိ ဘာ ပီဇာကို စားချင်တယ် ဆိုတာကို တွက်ချက်ပြီး ချပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ပီဇာဆိုင် ရောက်ပြီးတော့ ဘာ စားလို့ စားရမှန်း မသိတဲ့ သူများအတွက် ဖြစ်ပါတယ်။


ယင်းနည်းပညာကို စတင်အသုံးပြုတော့မှာပါ။ သူက Tablet တစ်လုံး ဖြစ်ပြီး ပီဇာ လုပ်ရာမှာ လိုအပ်တဲ့ အစာ၊ ပလာများကို ခင်းကျင်းထားပါမယ်။ မျက်လုံးက မျက်နှာပြင်ကို ကြည့်လိုက်တာနဲ့ မျက်လုံး ရွှေ့လျားမှုကို Tablet မှာ ပါတဲ့ အာရုံခံ ကိရိယာက လိုက်လံ အာရုံခံပြီး အကြိမ် အရေအတွက် အများဆုံး  ကြည့်တဲ့ item များကို ပေါင်းလု့ သူနဲ့ အနီးစပ်ဆုံး ပီဇာ အမျိုးအစားကို ဆုံးဖြတ် ပြုလုပ်ပေး ပါတယ်။ ဥပမာ ပုဇွန်နဲ့ ဂဏန်းကို အများဆုံး ကြည့်ဖြစ်တယ် ဆိုရင် ပင်လယ်စ ပီဇာကို ပြုလုပ်ပေးတာမျိုး ဖြစ်ပါတယ်။

သူက အများဆုံး ကြည့်ရှုတဲ့ ကြည့်ရှုကြိမ် ၂၀ ထဲကနေ ပြန်လည် ရွေး ချယ် ပေါင်းစပ် တာ ဖြစ်ပါတယ်။ ဆိုင်မှာ ရောင်းတဲ့ ပီဇာ ထဲနဲ့ အနီးစပ်ဆုံး အရာတစ်ခုကို ပေးတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့ စားသောက်စာ လာသူ အနေနဲ့ သူ ဘာစားချင်လဲ ဆိုတာအပေါ် ခေါင်းမစားတော့ ပါဘူး။ ယင်းအတွက် ရှင်းလင်း ပြသထားတဲ့ ဗီဒီယိုကို http://youtu.be/HRFn32N7KFY ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.inewsmyanmar.com)

.

0 comments: