နောက်ထပ် iPhone မျိုးဆက်


နောက်ထပ် iPhone မျိုးဆက် အဖြစ် iPhone7 ကို ဒီဇိုင်နာ တစ်ဦးက ယခုလို ဖန်တီးခဲ့ ပါတယ်။ iPhone 6S လို့လည်း အမည်ရမယ့် ဖုန်း ဖြစ်ပြီး ထူးခြားချက် သိပ်ရှိမသွား ပါဘူး။ အကြောင်းကတော့ လက်ရှိ iPhone6 ကိုပဲ ငယ်အောင် လုပ်ထားလို့ ဖြစ်ပါတယ်။


Apple ရဲ့ Product timeline သွားပုံကလဲ အဲဒီတိုင်းပါပဲ. iPhone 3 နဲ့ 3G တူသလို၊ 4 နဲ့ 4S တူသလို၊ 5 နဲ့ 5S တူသလို 6 နဲ့ နောက်ထွက်မယ့်ဖုန်းကလည်း တူနိုင်ပါတယ်။ တူတယ်ဆိုတာ အသွင်အပြင် ဖြစ်ပါတယ်။ အတွင်းကတော့ တိုးတက်မှု များစွာ ပါဝင်လာမယ်လို့ ယုံကြည်ထားကြ ပါတယ်။ နိုင်ငံတကာမှ လေ့လာခန့်မှန်းသူတို့ရဲ့ ပြောဆိုချက် အရ

1) A better camera
2) A smaller version
3) Wireless charging
4) Sapphire displays
5) High Definition Audio
6) The end of the 16GB version
7) A better battery

အစရှိတဲ့ အချက်များကို အလေးပေး ဖော်ပြခဲ့ ပါတယ်။ 16GB ဗားရှင်းရှိတော့မှ မဟုတ်ပါဘူး။ အနည်းဆုံး 32GB ကနေ စမှာ ဖြစ်ပါတယ်။ Apple က တရားဝင် ပြောဆိုထားတာ မဟုတ်သေးပေမယ့် အများစုခန့်မှန်းထားချက် ဖြစ်ပါတယ်။
.
Ref: Metro

အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: