အရုပ်တွေကို အစစ်နဲ့ တူအောင် ဖန်တီး


အမေရိကန်မှ အမျိုးသမီး ဓာတ်ပုံဆရာမ တစ်ဦးဟာ သူစုစည်းထားတဲ့ အရုပ်မတွေကို လူအစစ်နဲ့ တူအောင် ဖန်တီး ဓာတ်ပုံရိုက်ရာ လူသိများလာပါတယ်။ ယင်းအရုပ်များဟာ ကလေးဆော့တဲ့ အရုပ်များ မဟုတ်ပါဘူး။ လူကြီးတွေ ဆော့တဲ့ sex toy ဖြစ်ပြီး လူတွေနဲ့ အရွယ်အစား အတူညီ ရှိပါတယ်။


သူမ စုထားတဲ့ အရုပ်က အရည်အသွေး အကောင်းဆုံးများထဲမှ တစ်မျိုးလည်း ဖြစ်တာကြောင့် တစ်ရုပ်ရဲ့ တန်ဖိုးဟာ ဗြိတိန်ပေါင် ၄၀၀၀ ဝန်းကျင် အထိ ရှိပါတယ်။ သူမမှာ အရုပ်ပေါင်း ၁၄ ရုပ်လောက် ရှိပြီး အားလုံးကို အလှဆင်ပေး၊ အဝတ်အစား ဝတ်ဆင်ပေးလို့ ဓာတ်ပုံများကို အွန်လိုင်းမှာ တင်တဲ့ အခါ လူကြိုက်များ အောင်မြင်ခဲ့ ပါတယ်။

သူမ အနေနဲ့ ဒါဟာ အရုပ်တောင် သေချာ ပြင်ဆင်ပေးရင် လှတာကြောင့် အသက်ရှိတဲ့ လူတိုင်းဟာ အလှတစ်မျိုးကို ပိုင်ဆိုင်ထားကြမှာ ဖြစ်ကြောင်း ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဓာတ်ပုံများကို http://www.dailymail.co.uk/femail/article-2860474/The-sex-dolls-look-REAL-Fashion-photographer-makes-fake-women-look-startlingly-life-like-glamour-shoot.html ထဲမှာ ဝင်ရောက် ကြည့်ရှု လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: