ကွယ်လွန်သွားပြီ ဖြစ်တဲ့ အမေရိကန် အိုင်ဒေါက Joanne Borgella



၂၀၀၈ ခုနှစ်တုန်းက အမေရိကန် အိုင်ဒေါလ် သီချင်းဆိုင်ပြိုင်ပွဲမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ Joanne Borgella ကို သိသူများလည်း သိကြမှာပါ။ သူမက ယခုရက်ပိုင်းလေးတင်ပဲ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ရောဂါကတော့ လူတွေမှာ ဖြစ်လေ့ဖြစ်ထ အတော်လေး နည်းတဲ့ သားအိမ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။


သူမဟာ အိုင်ဒေါလ်မှာ ယှဉ်ပြိုင်သီဆိုပြီးနောက် အနုပညာ လမ်းကြောင်းပေါ် ရောက်ရှိလာပြီး တေးအယ်လ်ဘမ် အတော်များများမှာ ပါဝင်ထားပါတယ်။ ဆိုရှယ်မီဒီယာမှာလည်း ပရိတ်သတ်များတဲ့ အဆိုတော် တစ်ဦးပါပဲ။ သူမဟာ ၂၀၁၃ ခုနှစ်လောက်က စလို့ ရောဂါကြောင့် ကုတင်ပေါ် နေရတဲ့ အဆင့်အထိ ရောက်သွားပါတယ်။ ဆေးရုံပေါ်မှာ အနေများပြီး သူမကို အားပေးတဲ့ ပရိတ်သတ်များကိုတော့ ဘလောဂ်တွေ၊ Faebook, Twitter တို့မှ အမြဲတမ်း ပုံတွေ၊ စာတွေ တင်ပါတယ်။ သူမဟာလည်း လူတွေမှာ ဖြစ်လေ့ဖြစ်ထ နည်းတဲ့ ရောဂါ ဝေဒနာ တစ်မျိုးခံစားနေရကြောင်းလည်း ပရိတ်သတ်တွေကို ဝန်ခံခဲ့ဖူးပါတယ်။

အသက် ၃၂ နှစ် ရှိပြီ ဖြစ်တဲ့ Joanne Borgella ဟာ ယင်း ကင်ဆာရောဂါကို ခံစားရတာ နှစ်အတော်ကြာပြီ ဖြစ်ပေမယ့် ၂၀၁၃ အောက်တိုဘာလလောက်မှ ပြင်းထန်လာခြင်း ဖြစ်ပါတယ်။ ယခု သူမ ကွယ်လွန်သွားချိန် မှာတော့ အမေရိကန် အနုပညာရှင် အများစုနဲ့ သူ့ပရိတ်သတ်များ ဝမ်းနည်းခဲ့ပါတယ်။ သူမနဲ့အတူ အမေရိကန် အိုင်ဒေါလ်မှာ ပါဝင်တဲ့ အနုပညာရှင်များလည်း ပိုမို ဝမ်နည်းခဲ့ရ ပါတယ်။ သူမ ကွယ်လွန်သွားပြီ ဖြစ်ကြောင်းကို သူမရဲ့ Facebook Page ပေါ်ကနေ တစ်ဆင့် Page ကိုယ်တွယ်ထားသူက တင်ပေးခဲ့ ပါတယ်။

ယင်းဟာ ဘာကို ပြသသလဲဆိုတော လူဆိုတာ အသက်အရွယ်ကြီးလို့ ဘဝအချိန်စေ့လို့ သေရတာ ရှိသလို၊ အသက်အရွယ် မကြီးသေးပေမယ့် ကံအချိန်စေ့လို့ သေရတာလည်း ရှိကြောင်း သံဝေဂ ရစေပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)
.


0 comments: