ပင်လယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သူ



ပင်လယ်ပြင်မှ ရေလှိုင်းများဟာ ကမ်းခြေကို ဦးတည်လို့ တိုက်ခက်လာပါတယ်။ ယင်းထဲမှာ ပါဝင်တဲ့ ရေလှိုင်းအများစုဟာ ပျော်ရွှင်စွာ ဦးတည် သွားနေ ပေမယ့် ရေလှိုင်း တစ်လှိုင်းကတော့ မပျော်နိုင်ပါဘူး။ မပျော်တဲ့ အပြင် ငိုတောင် ငိုနေသေးပါတယ်။ ဒါနဲ့ ငိုနေတဲ့ ရေလှိုင်းကို အခြားသော ရေလှိုင်းများက မေးပါတယ်။ ဘာကြောင့် ငိုသလဲပေါ့။


သူဟာ ကမ်းခြေကို တိုက်ခတ်ပြီးရင် ပျောက်ကွယ်သွားရမှာ ဖြစ်ကြောင်း ဒီအတွက် ဝမ်းနည်းကြောင်း သူက ဆိုပါတယ်။ ရေလှိုင်းလေး ဖြစ်ရတာ သူ့အတွက် ဝမ်းနည်းရကြောင်း ဆိုပါတယ်။ ဒီတော့ အခြားသော ရေလှိုင်းက ပြုံးပြီးတော့ ပြန်ပြောပါတယ်။

"မင်းက မင်းကိုမင်း မသိသေးဘူးပဲ။ မင်းက ရေလှိုင်းမဟုတ်ဘူး။ ပင်လယ်ပြင်ရဲ့ တစ်စိတ်တစ်ဒေသလေး တစ်ခုပဲလေ"

သင်ခန်းစာ -

လူတွေဟာ ကိုယ့်ဘဝကို သိရှိဖို့ နားလည်ဖို့ လိုအပ်ပါတယ်။ သိရှိနားလည်ဖို့ ဆိုတာ အားငယ်နေဖို့ မဟုတ်ပါဘူး။ အဓိပ္ပါယ်ကို သိရှိနားလည်ဖို့ မိမိကိုယ်ကို တန်ဖိုးထားတတ်ဖို့ ဖြစ်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးမထား၊ မရောင့်ရဲ မနှစ်သိမ့် နိုင်ပဲ အခြားသော ကိုယ်နဲ့ အခြေအေနရ ကွဲပြား ခြားနား ကွာခြား နေသူများကို ကြည့်လို့ မနာလို ဖြစ်နေမယ်။ လိုချင်တပ်မက်မှု များနေမယ် ဆိုရင် ဘဝမှာ နေလို့ ပျော်တော့မှာ မဟုတ်ပါဘူး။ ရေလှိုင်းရှိမှ ပင်လယ် မည်ပါမယ်။ မဟုတ်ရင် ပင်လယ်သေ ဖြစ်နေပါလိမ့်မယ်။ ပင်လယ်မရှိပဲနဲ့လည်း ရေလှိုင်းဆိုတာလည်း မရှိနိုင် ပါဘူး။ ရေလှိုင်းဟာ ပင်လယ်ရဲ့ အစိတ်အပိုင်းလေး တစ်ခု ဖြစ်သလို သင်ဟာလဲ ကမ္ဘာမြေက တစ်စိတ်တစ်ပိုင်းသော အဖိုးတန်သော လူတစ်ယောက် ဖြစ်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

0 comments: