အဝါရောင်ပေးပါ


သက္ကရာဇ် ၁၈၀၀ ကျော်တုန်းက ဖြစ်ပါတယ်။ ပင်လယ်မှာ နိုင်ငံအသီးသီးက ဓါးပြများ ကြီးဆိုးလွမ်းမိုးလျက် ရှိပါတ။် စပိန် သင်္ဘော ဆီကို ဗြတိန်သင်္ဘော ကပ်လာပါတယ်။ ဒါနဲ့ သင်္ဘောသားက စပိန် ကပ္ပတိန်ကို သတိပေးပါတယ်။ ဒါနဲ့ ကပ္ပတိန်က. "အိုကေ.. ငါ့ကို အနီရောင်အပေါ်ဝတ်၊အောက်ဝတ် ဝတ်ဆုံ ယူလာပေး" လို့တောင်းဆိုပြီး ဝတ်ပါနဲ့။ ဒါနဲ့ ကပ်လာတဲ့ ရန်သူတပ်နဲ့ တိုက်ခိုက် တဲ့အခါ နိုင်သွားပါတယ်။

ဒါကြောင့် သင်္ဘောသားများက ကပ္ပတိန်ကို ဘာကြောင့် အနီရောင် ဝတ်ဆင်သလဲလို့ မေးပါတယ်။ "မင်းတို့တွေ ငါဒဏ်ရာရတာကို မြင်ပြီး စိတ်ဓာတ်ကျ၊ မျော်လင့်ချက်ကျသွားမှာစိုးလို့ အနီရောင် သက်သက်ဝတ်ထားတာ" လို့ ပြန်ဖြေတော့ သင်္ဘောသား စစ်သည်များ အားကျ ဂုဏ်ယူကြပါတယ။် သိပ်မကြာပါဘူး။ သင်္ဘေသား တစ်ယောက်က နောက်ထပ် ရန်သူ သင်္ဘော အစီး ၂၀ ကပ်လာပြီ ဖြစ်ကြောင်း သတင်းပို့တော့ ကပ္ပတိန်က ပြောပါတယ်။

"ဒီတစ်ခါတော့ အဝါရောင် အပေါ်ဝတ်၊ အောက်ဝတ် ပေးကွာ"

Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: