ဖက်တီးဘဝမှ ဒေးဗစ်ဘက်ခမ်း ခန္ဓာကိုယ် ရရှိသူ



Dan Davidson လို့ အမည်ရတဲ့ ဗြိတိန်မှ အသက် ၂၆ နှစ်အရွယ် လူငယ် တစ်ဦး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က တစ်နေ့တစ်နေ့ ကယ်လိုရီ မြင့်တက်တဲ့ အစားအစာ၊ ရယ်ဒီမိတ်နဲ့ Fast Food အစားအစာ များကိုသာ စားသုံးနေခဲ့ ပါတယ်။ တဖြည်းဖြည်းနဲ့ ပေါင်ချိန်က ၂၄၀ အထိ ရောက်ရှိ သွားခဲ့ပါတယ်။ ဒါနဲ့ မဖြစ်တော့ဘူး ဆိုတာကို သိတော့ အစားအသောက် ဆင်ခြင် ပါတော့တယ်။


ကယ်လီုရီထက် ပရိုတိမ်းဓာတ် ကြွယ်ဝတဲ့ အသားငါးများကို စားသုံးပြီး အားကစား ပုံမှန်ပြုလုပ် ပါတယ်။ တစ်နှစ်ပြည့်တဲ့ အချိန်မှာ ခါးဆိုဒ် ၃၆ ကနေ ၃၀ အထိ ကျပြီး ခန္ဓာကိုယ် အချိုးအစားကလည်း သွယ်လျ စမတ်ကျ သွားပါတယ်။ အနီးစပ်ဆုံး အားဖြင့် ကမ္ဘာကျော် အင်္ဂလန် ဘောလုံးသမား ဒေးဗစ် ဘက်ခမ်း တို့လို ခန္ဓာကိုယ်ကို ရရှိသွား ပါတယ်။ သတင်းထဲမှာတော့ အစားအသောက် ဆင်ခြင် သွားတယ်ဆိုတာသာ ထည့်ပေမယ့် အမှန်တကယ်မှာကတော့ အားကစား ကြိမ်းသေလုပ်ထားတဲ့ ကိုယ်ဟန် အနေအထားပါ။

လွန်ခဲ့တဲ့ တစ်နှစ်က ဗာ့ကာ (အရက်ပြင်း) သောက်သုံးတဲ့ အလေ့အထ လည်း ရှိပြိး ယင်းအမူအကျင့်များကိုလည်း စွန့်လွတ်ခဲ့သူ ဖြစ်ပါတယ်။ သူ့မှာ သား နှစ်ဦး ရှိပါတယ်။ ဒါပေမယ့် လူငယ်တစ်ယောက်လို စမတ်ကျတဲ့ ဘော်ဒီကြောင့် အင်္ဂလန်မှာ ရေပန်းစားတဲ့ မော်ဒယ်တစ်ဦး ဖြစ်လာတော့မှာ ဖြစ်ကြောင်း ပြောဆိုလျက် ရှိကြ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: