ကလိုဆေးလို့ ကျွမ်းထိုးပေမယ့် အသကဆုံးခဲ့ရတဲ့ ဘောလုံးသမား



အန္ဒိယနိုင်ငံက Peter Biaksangzuala  လို့အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် ဘောလုံးသမား ဖြစ် ပါတယ်။ သူ့နိုင်ငံမှာပဲ Bethlehem Vengthlang FC အသင်းမှာ ကန်နေပြီး Chanmari West FC နဲ့ ယှဉ်ပြိုင်တဲ့ ပွဲမှာ ဖြစ်ပါတယ်။


၆၂ မိနစ်ကြာချိန် သူသွင်းလိုက်တဲ့ ဂိုးတစ်ခုအတွက် အောင်ပွဲခံရာမှာ အခန့်မသင့်ပဲ သေဆုံးရခြင်း ဖြစ်ပါတယ်။ ဂျာမနီ အသင်းက ကလိုဆေး (Miroslav Klose) ရဲ့ အောင်ပွဲခံတဲ့ ရှေ့ဂျွမ်းကို လိုက်တုပြီး ထိုးလိုက်တဲ့ သူဂျွမ်းက မြေကြီးနဲ့ ခေါင်း တည့်တည့်ဆိုက်ကျပြီး ဇာတ်ကျိုးသွားပါတယ်။ ကွင်းထဲမှာ စကားတောင် ပြန်မထူးနိုင်လောက်အောင် ဖြစ်သွားတဲ့ Peter ကို ဆေးရုံတင်ပေမယ့် နောက်နေ့မနက်ရောက်တော့ ကွယ်လွန်သွားပါတယ်။

ကျောရိုးကောက်သွားပြီး အာရုံကျောများ လွတ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ယင်းဖြစ်ရပ်ဟာ ဘောလုံးသမားတိုင်းအတွက် သတိပေးစရာ ဖြစ်ခဲ့ပြီး အောင်ပွဲခံ တဲ့အခါ သတိထားဖို့ အသိပေးခဲ့ပါတယ်။ ဂျွမ်းထိုးပြီး အောင်ပွဲခံတာဟာ ဘောလုံးသမား အချို့ရဲ့ အပြုအမူများ ဖြစ်ပေမယ့် ယခု ဖြစ်ရပ်ကြောင့် နောက်ပိုင် နည်းသွားနိုင်ချေ များပါတယ်။

ယင်းဖြစ်စဉ် ဖြစ်သွားတဲ့ ဗီဒီယိုကို http://youtu.be/_UNECJYMRvY ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)


0 comments: