အမျိုးသမီးကိုသယ်တဲ့ အားကစား


မြောက်အမေရိကမှာ လူသိများ အောင်မြင်တဲ့ အားကစားနည်း တစ်ခု ရှိပါတယ်။ ယင်းကတော့ အမျိုးသမီးကို ထမ်းပြီး ခရီးကြမ်းနှင်ပြေးတဲံ အားကစား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိပဲ ထမ်းပြီးတော့ ပန်းတိုင်ရောက်အောင် ရေတစ်တန်၊ ကုန်တစ်တန်၊ အခက်အခဲ အတားအဆီးများကို ကျော်ဖြတ်လို့ ခရီးနှင်ရမှာ ဖြစ်ပါတယ်။


ဝင်ပြိုင်သူ အများစုက ဇနီးမောင်နှံများ ဖြစ်ပါတယ်။ အကြောင်းကတော့ ပုံမှာ မြင်တွေ့ ရသလိုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ခေါင်းအောက်၊ ခြေပေါ် ပြောင်းပြန် အနေအထားမှာ ရှိပြီး အမျိုးသားက အမျိုးသမီးကို ပေါင်နှစ်ဖက်ကိုင်ဖို့ တင်ပါးကျော်ပေါ်တင် ထမ်းထားခြင်း ဖြစ်ပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် ပြုလုပ်တဲ့ နိုင်ငံ မတူပါဘူး။ ယခု လာမယ့်နှစ်ကတော့ အမေရိကန်ပြည်ထောင်စု၊  Newry, Maine မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ထူးခြားချက် အနေနဲ့ အနိုင်ရဖို့ ရေပန်းစားနေတဲ့ အတွဲတစ်ခုဟာ တစ်ဦးကိုယ်စီမှာ အိမ်ထောင်များ ရှိနေပါတယ်။ ဒါကြောင့်မို့ သူတို့ အိမ်ထောင်ရှင်များ ဘယ်လို သဘောတူညီမှုနဲ့ ကစားကြမယ်ဆိုတာ ပရိတ်သတ်များ စိတ်ဝင်စားလျက် ရှိပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: