ဗြိတိန်က မိမိကိုယ်ကို မင်္ဂလာဆောင်သူ


ဗြိတိန်နိုင်ငံက Grace Gelder လို့အမည်ရတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ သူမဟာ ၆ နှစ်စလုံး သူမကိုယ် သူမနဲ့ ချစ်သူ ရည်းစား ဖြစ်ခဲ့ပြီး သူမကိုယ်တိုင်ကိုပဲ ယခု ရက်ပိုင်းလေးတင် မင်္ဂလာဆောင်ခဲ့ ပါတ်။


ပုံမှာ မြင်တွေ့နေရသလိုပါပဲ။ မင်္ဂလာပွဲမှာ သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းများကို ဖိတ်ပြီး သတို့သား မရှိရုံမှ တစ်ပါး ကျန်တာအားလုံး မင်္ဂလာဆောင် လုပ်ထုံးလုပ်နည်များနဲ့ ညီအောင် ပြုလုပ်ထားပါတယ်။ သူမဟာ မှန်ထဲမှာပဲ သူမကိုယ်သူမကို နမ်းပါတယ်။ မင်္ဂလာပန်းကိုလည်း နောက်ပြန် ပစ်လို့ လိုက်ကောက်သူကလည်း ကောက်ပါတယ်။ အချစ်ဆိုတာ သူများကို ချစ်နေမှ မဟုတ်ပဲ သူမကိုသူမ ချစ်တာဟာလည်း အချစ်ဖြစ်ကြောင်း ဆိုပါတယ်။

ဒါကြောင့်မို့ မိမိကိုယ်ကိုယ် ပြန်လည် လက်ထပ်ခြင်းဟာလည်း ကောင်းမွန်တဲ့ မင်္ဂလာတစ်ပါး ဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။
.
Ref; Metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: