ဒုက္ခသစ်ပင်


အလုပ် ကြိုးစားတဲ့ လက်သမား တစ်ယောက်ကို တစ်နေ့တော့ အလုပ်ရှင်က သူ့ကို ကားနဲ့ အိမ်လိုက်ပို့ပါတယ်။ အိမ်တစ်လုံးပြီးအောင် ဆောက်ဖို့ အလုပ်အပ်ခံထားရပြီး တစ်ရက် တစ်ရက် အလုပ်ဟာ ထင်သလောက် မပြီးပဲ စိတ်ညစ်နေရှာတဲ့ လက်သမား ဖြစ်ပါတယ်။ အိမ်လိုက်ပို့တဲ့အချိန် အလုပ်ရှင်ကိုလည်း အိမ်ကိုခေါ်လည်သတဲ့။


အိမ်ထဲမဝင်ခင် အိမ်အဝင်ဝက သစ်ပင်မှာ ခဏရပါတယ်။ ပြီးတော့ ရုတ်တရက် ရွှင်လန်းသွားတဲ့ သူးရဲ့ မျက်နှာကိုတွေ့ရပါတယ်။ ပြီးတော့ အိမ်ထဲ ဝင်သတဲ့။ ဇနီး၊ သားသမီးတို့ကို ခရီးဝေးမှ ခုမှ ပြန်ရောက်တဲ့သူ ပမာ တယုတယ ထွေးပွေ့ပြီး ပြောစရာစကားတွေချည်း ပြောသတဲ့။ အလုပ်အဆင်ပြေ လား လို့မေးတော့လဲ ပြေကြောင်း အဆင်ပြေကြောင်းပဲ ပြောပါတယ်။ ညစာ အတူစားပြီးတော့ အလုပ်ရှင်ကို အိမ်ရှေ့ထိ လိုက်ပို့ပေးတယ်။ ဒီတော့ ရုတ်တရက် မျက်နှာထား ပြောင်းလဲနိုင်တာ ဘာကြောင့်လဲလို့ မေးပါတယ်။ ဒီတော့ လက်သမားက ပြန်ဖြေပါတယ်။

"ဟောဒီ သစ်ပင်က ဒုက္ခသစ်ပင်ဗျ။ ကျနော် အိမ်ရှေ့ရောက်တိုင်း သယ်လာသမျှ အလုပ် အပူအပင် ကိစ္စ၊ ပြဿနာအားလုံးကို ဒီမှာ ချိတ်ခဲ့တယ်။ ပြီးတော့မှ အိမ်ထဲ ဝင်တယ်။ အလုပ်ကို ပြန်သွားတဲ့ မနက်ကျမှ သစ်ပင်မှာ ခဏရပ်ပြီး အဲ့ဒုက္ခ အထုပ်တွေကို ပြန်သယ်တယ်။ တစ်ခု ထူးခြားတာကတော့ ကျနော် ချိတ်ခဲ့တဲ့ အထုပ်တွေက တစ်ရက်ပြီး တစ်ရက် နည်းလာ တာပါပဲ" လို့ ပြုံးရယ်ပြီး ဖြေပါတယ်။

သင်ခန်းစာ -

လူတွေဟာ လုပ်ငန်း ပြဿနာ  နဲ့ မိသားစုကို သေချာ ခွဲခြားတတ်ဖို့ လိုအပ် ပါတယ်။ လုပ်ငန်းခွင်အပြင် အခြား ဘယ်နေရာမှာ စိတ်ညစ်စရာ တွေပဲ ကြုံကြုံ ယင်းအရာ များကို မိသားစုထဲကို သယ်မလာ သင့်ပါဘူး။ ပျော်စရာတွေပဲ စည်းကူးစေပြီး စိတ်ညစ်စရာတွေ ကိုကျတော့ မမျှဝေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အကယ်၍ မျှဝေရင် ကိုယ်ကိုယ်တိုင်ဟာလည်း မိသားစုကနေ ပျော်ရွှင် စရာ ပျောက် ဆုံး သွားပါ လိမ့်မယ်။
.
Ref: trouble tree
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: