အိန္ဒိယမှာ မိုဘိုင်း App များတိုးတက်လာဖို့ ဇူကာဘတ်မှ ဒေါ်လာ ၁သန်း လှူ


acebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ဟာ အိန္ဒိယနိုင်ငံမှာ အရည် အသွေး ကောင်းကောင်း မိုဘိုင်း Application ကောင်းများ ထွက်ပေါ်လာဖို့ အတွက် အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ ပါတယ်။ ယင်းလှူဒါန်းမှုကို ဇူကာဘတ် အိန္ဒိယကို အလည်အပတ် ရောက်ရှိစဉ် က ပြုလုပ်ခဲ့တာ ဖြစ်ပြီး Internet.org အဖွဲ့အမည်ခံနဲ့လည်း ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။


Internet.org ဆိုတာ ကမ္ဘာအအနှံ့က အင်တာနက်လိုင်း မရနိုင်တဲ့ နေရာတွေကို အင်တာနက် ရအောင် ကြိုးစားဖန်တီးပေးမယ့် အဖွဲ့အစည်း ဖြစ်ပြီး Facebook, Samsung နဲ့ အခြားသော နည်းပညာ ကုမ္ပဏီပေါင်း မြောက်များစွာ ပါဝင် ပါတယ်။ ဒီအတွက်လည်း ကုမ္ပဏီများဟာ ငွေကြေးပေါင်း မြောက်များစွာ ထည့်သွင်း လှူဒါန်းထားခြင်း ဖြစ်ပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံမှာ Facebook အသုံးပြုသူ အရေအတွက်ဟာ သန်း ၁၀၀ ရှိပါတယ်။ ဒါကြောင့်မို့ Facebook အနေနဲ့ အိန္ဒိယ နိုင်ငံကို လည်ပတ်လို့ လှူဒါန်းမှု ပြုလုပ်တယ်ဆိုတာ ဖွံ့ဖြိုးလာမယ့် အနာဂတ်ကို ကြိုမြင်တာလည်း ဖြစ်ကြောင်း ပြောဆိုကြ ပါတယ်။

အိန္ဒိယနိုင်ငံက အင်တာနက် မရ ဆင်းရဲမွဲတေတဲ့ ဒေသက လယ်သမား များ အတွက် အထူးရည်ရွယ်ချက်တဲ့ နေ့စဉ် ဘဝ အကျိုးပြု မိုဘိုင်း Application များ ရှိလာအေငာ် ဇူကာဘတ်က ရည်ရွယ်ကြောင်း ပြောဆိုခဲ့ ပါတယ်။
.
Ref: Tech in Asia
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: