AirAsia မှ Miss Myanmar World 2014 ကိုကူညီပံ့ပိုးပေး

ကမ္ဘာ့ အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်း အဖြစ် ၆ နှစ်ဆက်တိုက် ဆုရရှိခဲ့ သော Air Asia သည် မြန်မာ့ လူငယ်မျိုး ဆက်သစ်တို့ တိုးတက်ရေး အတွက်ရည်ရွယ်ကာ ၊ Miss Myanmar 2014 ကို ဆက်လက် ကူညီပံ့ပိုးမည် ဖြစ်ပြီး ထိုသို့ အခမ်းအနား အတွက် စက်တင်ဘာ ၂၈ ရက်နေ့ မြန်မာ စံတော်ချိန် ၆ နာရီ တွင် Celebration Ceremony ၌ ကျင်းပခဲ့ပါတယ်။


မြန်မာနိုင်ငံ၏ သံတမန်အဖြစ် ကမ္ဘာကို ဆက်သွယ်ရန် AirAisa မှ ပထမဆုံး Miss Myanmar World ကိုချီးမြှောက်ခြင်းဟာ ဆိုရင်ဖြင့် မြန်မာနိုင်ငံ၏ လူငယ်များ၏ အနာဂတ် အတွက် အခွင့်အရေး များကို ဖန်တီးပေးခြင်း ဖြစ်ပါတယ်။  Miss Myanmar World 2014 ကို ရှာဖွေရန် ခရီးတွင် Air Asia အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင် သူထဲမှ Semi Final သို့ ရောက်ရှိသူ ၁၉ ယောက်၏ ပင်ကိုယ် အရည်အသွေး လေ့ကျင့်မှုများ ပေးခြင်း ကို လေကြောင်းလိုင်းမှ အဖွဲ့ ၀င်များနှင့် အတူ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက် တွင် ဆောင်ရွက် ပေးနိုင်ခဲ့ ပါတယ်။

အဆိုပါ လေ့ကျင့်မူတွင် မည်သို့ မည်ပုံ တွေ့လျှင်တွေ့ခြင်း နှစ်လို ဖွယ်ရာ ဖြစ်စေရန်၊ စိတ်နေ စိတ်ထား အလှ များတိုးတက်စေရန် နှင့်၊ ဘ၀ အတွေ့ အကြုံမှ ရရှိသော ပညာများကို ပြသတတ်စေရန် သင်ကြားပေးခဲ့ပါတယ်။ Air Asia သည် Miss Personality ဆု ကိုရွေးချယ်ရာ တွင်အဓိက ပါဝင်ခဲ့ ပြီး ရရှိသူကို တနှစ် အခမဲ့ စီးနင်းနိုင်သော Air Asia ဆုကိုပေးအပ် ခဲ့ပါတယ်။ Miss Myanmar World 2014, AirAsia မှ Miss Personality, first runner-up နှင့် second runner-up တို့ အတွက် စုစုပေါင်း AirAsia မှ USD ဒေါ်လာ ၄၀၅၀၀ နှင့် ညီမျှသော တစ်နှစ်စာ လေယာဉ်အခမဲ့ စီးခွင့်ကို ချီမြင့်ပေးခဲ့ပါတယ်။

မြန်မာသည် အာဆီယံ အတွင်း အရေးပါသော လေကြောင်း ပျံသန်းရေး ဈေးကွက်ဖြစ် သည်နှင့်အညီ Air Asia မှာ ရန်ကုန်- ကွာလာလမ်ပူ ၊ ရန်ကုန် နှင့် မန္တလေးမှ - ဘန်ကောက် ( ဒွန်မောင်း) သို့ တိုက်ရိုက် လေယာဉ်များပြေး ဆွဲလျက် ရှိသည် ။ အခြား ပျံသန်းသော နေရာများကိုလည်း Air Asia ၏ Network မှ တိုက်ရိုက် ပျံသန်းမှု စနစ်ဖြင့် Air Asia ပျံသန်းသော နေရာများကို မြန်မာနိုင်ငံမှ ပျံသန်းနိုင်ပါပြီ။

AirAsia’s Twitter (twitter.com/AirAsia) နှင့် Facebook (facebook.com/AirAsia) တို့ နှင့် ချိတ်ဆက်ထားခြင်းဖြင့်  Air Asia ၏ နောက်ဆုံး သတင်းများကို လေ့လာနိုင်ပါတယ်။

#advertising

0 comments: