အမေရိကန်မင်းသမီးချောတို့ Google ကို တရားစွဲမည်


သိပ်မကြာသေးခင်က ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး အတော်များများ ရဲ့ ဓာတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားသွားတာကို သိကြမှာပါ။ ယင်း အတွက် Cara Delevingne နဲ့ Hunger Game ရုပ်ရှင်က မင်းသမီးချော ဂျနီဖာလော့ရန့်စ် တို့က Google ကို တရားစွဲတော့မှာ ဖြစ်ပါ တယ်။ တောင်းဆိုတဲ့ လျော်ကြေးကလည်း ဗြိတိန်ပေါင် သန်း ၆၀ ဖြစ်ပါတယ်။


ဒီအတွက် ၎င်းတို့ ကိုယ်စား ရှေ့နေ့ဟာ Google ရဲ့ Founder များဆီကို စာပို့ပြီး သွားပါပြီ။ ဒီတော့ တရားရုံးမှာ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ Google အနေနဲ့ ယင်း ဓာတ်ပုံများကို ဖျက်ပေးသင့်ကြောင်း ဆိုပါတယ်။ iCloud ကနေ ပေါက်ပြီး ပြန့်နှံ့သွားတဲ့ ပုံကို Google ဟာ ၎င်းတို့ Server ပေါ် ရောက်ရှိချိန် remove မလုပ်ပဲ Image များကို save ထားတာကြောင့် ယခုလို ဖြစ်ရကြောင်း ဆိုပါတယ်။ ဒီတော့ အမှုက ဟက်ကာတို့ ခိုးထားသော ဓာတ်ပုံကို ပိုင်ရှင်ခွင့်ပြုချက်ဖြင့် ရတာမဟုတ်မှန်း သိလျက်နဲ့ ဖျက်မပေးခြင်း၊ Google ဟာ အားနွဲ့တဲ့ အမျိုးသမီး ဓာတ်ပုံ အသုံးပြုလို့ စီးပွားရှာခြင်း ယင်း နှစ်ချက်ကို အခြေခံလို့ တရားစွဲမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ Google ဟာ ဘယ်လို တုန့်ပြန်ပြောဆိုမယ် ဆိုတာကို မီဒီယာများ စောင့်ဆိုင်းလျက် ရှိကြ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: