ဘေးမှာလည်း screen ပါလာတဲ့ Samsung Galaxy Note Edge


ယနေ့ည မိတ်ဆက်တဲ့ Samsung ရဲ့ ကုန်ပစ္စည်း သစ်ထဲမှ Samsung Galaxy Note Edge လည်း ပါဝင်ပါတယ်။ သူက Curved Screen လို့ခေါ်တဲ့ ဘေးမှာပါ ကွေးကောက်နေတဲ့ မျက်နှာပြင်လဲ ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။


၅.၆ လက်မ အရွယ် Quad HD, 2560 x 1440 display အသုံးပြု စမတ်ဖုန်း ဖြစ်ပါတယ်။ Note ဖြစ်တာကြောင့် S Pen ပါဝင်ပါတယ်။ 16 Megapixel ကင်မရာနဲ့ ရှေ့မှာ 3.2 Megapixel ကင်မရာတို့ အသီးသီး ပါဝင်မှာ ဖြစ်ပါတယ်။  64-bit quad-core Snapdragon 805 processor ကို အသုံးပြုထားပါတယ်။ 3GB of RAM အပြင် fingerprint scanner တို့လည်း ပါဝင် တာကြောင့် Samsung Galaxy Note 4 တစ်လုံးရဲ့ အရည်အသွေး အားလုံး တစ်ခါတည်း ပါဝင်ပြီးသား ဖြစ်ပါတယ်။

Samsung Galaxy Note 4 က အောက်တိုဘာလမှာ ထွက်မှာ ဖြစ်ပေမယ့် Note Edge ကတော့ အနည်းငယ်နောက်ကျ နိုင်ပါတယ်။ ဈေးနှုန်းလည်း မသိရ သေးပါဘူး။ ဓာတ်ပုံနဲ့ အသေးစိတ် ဖော်ပြမှုကို http://bgr.com/2014/09/03/galaxy-note-edge-review-pt-1-hands-on/ ထဲမှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။

အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: