ကလေးငယ်ကို Iron Man လို စက်ရုပ်လက် တပ်ပေးနိုင်ခဲ့


အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကျွန်းမှာ နေထိုင်တဲ့ ၄ နှစ် အရွယ် ကလေးငယ်လေးကို စက်ရုပ်လက် (Iron Man) လက် တပ်ပေးနိုင်ခဲ့ ပါတယ်။ ဘက်ထရီ မလို၊ ပါဝါလို၊ လျှပ်စစ်မလို၊ လောင်စာမလို တကယ် လက်တွေ့ လှုပ်ရှား နိုင်တဲ့ လက် ဖြစ်ပါတယ်။


သူ့လက် အတွက် စပွန်ဆာပေး ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်း ကတော့ Enabling the Future (http://enablingthefuture.org) လို့အမည်ရတဲ့ အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ စက်ရုပ်လက်တပ်ဖို့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅သောင်းအထက် ကုန်ကျမှာ ဖြစ်တဲ့အချိန် ယခု Rayven လို့ အမည်ရတဲ့ ကလေးငယ်ကို တပ်ပေးလိုက်တဲ့ လက်က အမေရိကန်ဒေါ်လာ ၅၀ သာ ကုန်ကျ ပါတယ်။ Rayven ဟာ မွေးကတည်းက ညာဘက်လက်ချောင်းများ ပါမလာပဲ မွေးလာခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်းလက်ချောင်းအစားထိုးမယ့် လက်ကို ဖန်တီးပေးခဲ့ တာပါ။ လျှပ်စစ် ဓာတ်အား မလိုပဲ လက်ချောင်းတွေကို လှုပ်ရှားနိုင်တယ်။ ပစ္စည်းတွေကို ဆုပ်ကိုင် နိုင်တယ် ဆိုတော့ အများစု စိတ်ဝင်စားကြမှာပါ။

သူက ကျန်ရှိတဲ့ လက်အစိတ်အပိုင်းရဲ့ လှုပ်ရှားမှု ရွေ့ကွက်တွေအပေါ် မူတည်ပြီး ယင်းလှုပ်ရှားမှုနောက် လိုက်လျောညီထွေမှာ လက်အစွတ်ကို ဖန်တီးပေးခဲ့ခြင်း ဖြစ်ပါတယ်။ သူက သင်္ချာနဲ့ ရူပဗေဒ ပညာကို အခြေခံလို့ သီအိုရီ ထွက်ချက် ထုတ်လုပ်ထားခြင်းပါ။ လက်ကတော့ 3D Printed ဖြစ်တာကြောင့် အရွယ်အစား ညီမျှပါတယ်။ အနာဂတ်မှာ ယင်း ကဲ့သို့ 3D Printed လက်များ၊ ကိုယ်အစိတ်ပိုင်းများ ဈေးသက်သက်သာသာ ရရှိ နိုင်တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။

ဗီဒီယို ကြည့်ရှုရန် - http://youtu.be/CQKcEhTd-Ck

အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: