ထိရှကွဲလွယ်သော လူမပါ ကား


အများစုက အကြမ်းခံပြီး မောင်းနိုင်မယ့် ကားများကို ဖန်တီးနေချိန် ဗြိတိန်က ဒီဇိုင်နာ တစ်ဦး ကတော့ လူမပါ အကြမ်းမခံ ထိရှိလွယ်တဲ့ ကားမျိုးကို ဖန်တီးခဲ့ ပါတယ်။ လူမောင်းစရာမလိုတဲ့ ကား ဖြစ်ပြီး ထုတ်လုပ်နိုင်တဲ့ အဆင့်တော့ မရောက်သေးသ ပါဘူး။ Concept တစ်ခု အနေနဲ့ ပြသခဲ့ခြင်း ဖြစ်ပါတယ်။


ဒီဇိုင်နာ  Dominic Wilcox ပြချင်တဲ့ အဓိပ္ပါယ်ကတော့ အနာဂတ်မှာ လူကိုယ်တိုင် မမောင်းတဲ့ ကားများက လူမောင်းတဲ့ ကားများထက် ပိုပြီးတော့ လုံခြုံရေး ကောင်းမယ်လို့ ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ထိရှကွဲလွယ်တဲ့ ဖန်များနဲ့ တည်ဆောက်ထားတဲ့ ကားများတောင် အသက်အန္တရာယ် မရှိဘူး ဆိုတာကို ဖော်ပြချင်လို့ ဖန်နဲ့ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ်ကတည်းက ဖန်တီးခဲ့ဖူးတဲ့ မီနီကား တစ်စီးကို ပြန်လည် အခြေခံလို့ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

၂၀၅၉ ခုနှစ်လောက် ဆိုရင် ယင်းကဲ့သို့ လူမပါ၊ ဒီဇိုင်ဦးစားပေး၊ အသက်အန္တရာယ် လုံခြုံမှု ပစ္စည်း သိပ်မပါတော့ ကားများ ခေတ်စားမယ်လို့ပါ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: