အင်္ဂလိပ်စကားလုံး အသိမြန်ရန် ဆောသင့်တဲ့ မိုဘိုင်းဂိမ်း '4pic1word'


Google Play မှာပဲ ဖြစ်ဖြစ် Apple App Store မှာပဲ ဖြစ်ဖြစ် '4pic1word' လို့ ရိုက်ရှာလိုက်ရင် စာရေးသူ ယခုဖော်ပြထားတဲ့ ပုံထဲကလိုမျိုး ဂိမ်းများ ထွက်ကျ လာပါလိမ့်မယ်။ သူက ပုံလေးပုံနဲ့ အင်္ဂလိပ် အက္ခရာ အချို့ကို ပေးထားပြီး ကိုယ်က အဖြေမှန် ဝေါဟာရ တစ်ခုကို ခန့်မှန်းပေးရမှာ ဖြစ်ပါတယ်။


အဆင့်ကျော်လို့မရ ပါဘူး။ အဖြေကို အနီးစပ်ဆုံး ခန့်မှန်းနိုင်အောင် option တစ်ခု ပေးထားပြီး သူ့ကို Coin ၆၀ အထက် ရှိမှ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ coin ကလည်း ၆၀ ရှိဖို့ မလွယ်ပါဘူး။ ဒါကြောင့်မို့ မိမိကိုတကယ် တွေးခေါ် အလုပ်လုပ်စေမယ့် ဂိမ်းပဲ ဖြစ်ပါတယ်။ ယခု ပုံမှာ ပြထားတာ ဆိုရင် ပထမပုံက ချိန်ခွင်၊ ဒုတိယ ပုံက တရားသူကြီး အစရှိသဖြင့်တို့ကို အနီးစပ်ဆုံး စဉ်းစားလိုက်တဲ့ အခါ Fair ဆိုတဲ့ စကားလုံးကို သွားတွေ့ ပါတယ်။ တစ်ခု ရတိုင်း Level တစ်ခု တက်သွား မှာပါ။

level တစ်ခုကနေ တစ်ခု တက်ဖို့ဆိုတာကလည်း မလွယ် ပါဘူး။ အင်္ဂလိပ်စ ဝေါဟာရကိုလည်း တိုးစေသလို ပုံတွေကို ကြည့်ပြီး ဝေါဟာရတွေကို တွေးခေါ် အသုံးပြုတတ်သွားမှာပဲ ဖြစ်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: