iPhone နောက်ဆုံးထွက်များ လွယ်တကူ ကွေးတတ်


iPhone 6 နဲ့ iPhone 6 Plus ဟာ စစ်ဆေးတွေ့ရှိချက် အရ ကွေးကောက် သွားတတ်ကြောင်း သိရ ပါတယ်။ ယင်းသို့ ဖြစ်မဖြစ် စမ်းသပ်မှုများ ပြုလုပ်ပြီး အတည်ပြုခဲ့ကြခြင်း ဖြစ်ပါတယ်။ အိပ်ကပ်ထဲမှာ ၁၈ နာရီလောက် ထားပြီး ပြန်ထုတ် ကြည့်တော့ ကွေးကောက်သွားခြင်းကို မြင်ရတာ ဖြစ်ပါတယ်။


ဒါကြောင့်မို့ နည်းပညာ ဝဘ်ဆိုဒ် အတော်များများကလည်း စမ်းသပ် ဗီဒီယိုများကို ပြုလုပ်ပြီး တရားဝင်တင်ခဲ့ ပါတယ်။ ဒီအတွက် Apple က ဘယ်လို တုံ့ပြန်ပြောဆိုမယ် ဆိုတာ ကတော့ သိရ သေးပါဘူး။ ယခု နိုင်ငံတကာမှာ ရေပန်း စားနေတဲ့ ယင်း သတင်း ကတော့ iPhone 6 နဲ့ 6Plus ရောင်းအားကို သိသိသာသာ ကျဆင်းစေမှာပါ။ အလူမီနီယံနဲ့ ပြုလုပ်ပြီး ယခင် ထုတ်ခဲ့ဖူးတဲ့ iPhone အားလုံးထက်လည်း ပါးတာကြောင့် ယခုလို ဖြစ်ရခြင်း ဖြစ်ပါတယ်။ ကွေးကောက်သွားမှုက အစပိုင်းမှာ ဖန်သားမျက်နှာပြင်နဲ့ အခြားအစိတ်အပိုင်းများကို မထိခိုက်ပေမယ့် ကြာလာရင် ပျက်ဆီးလွယ်မယ့် အနေအထားကို ရောက်စေနိုင် ပါတယ်။

iPhone 6 ကွေးညွန့်မှု အတွက် စမ်းသပ်တဲ့ ဗီဒီယိုကို http://youtu.be/znK652H6yQM မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: