တစ်သက်လုံး အလုပ်မရတော့မယ့် နည်းလမ်း


ပုံမှာ ပြထားဒါလဲ ရှင်းလင်းပါတယ်။ မိမိ ဝါသနာ ပါရာ အထုံ ပညာ တစ်ခုကို ရွေးချယ်လို့ အလုပ်လုပ်ရင် မိမိဟာ တစ်သက်လုံး အလုပ်လုပ်စရာ လိုတော့မှာ မဟုတ်ပါဘူး။


ဒီတော့ မိမိဝါသနာ ပါရာက ဘာလဲဆိုတာကို မသိတဲ့ အခက်အခဲ၊ သိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ယင်းဝါသနာကို မွေးမြူ လုပ်ကိုင် အသက်မွေးရန် အခက်အခဲ အစရှိသဖြင့်တို့ကို မြန်မာပြည်က လူအများစု ခံစားနေရမယ်ဆိုတာ သိပါတယ်။ ဒီအတွက် အကောင်းဆုံး အကြံပေးနိုင်တာ ကတော့ မိမိ ကိုယ်တိုင် သာ ကိုယ်လိုချင်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် ထိန်းကျောင်းယူသွားဖို့ပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ကျတော့လဲ မိမိ လုပ်နေရတဲ့ အလုပ်ကိုပဲ ဝါသနာ စွဲစွဲမြဲမြဲ ပါသွားအောင် လုပ်ယူရတာမျိုးတွေလည်း ရှိပါတယ်။ ဒါကတော့ မိမိရဲ့ ကြိုးစားမှုနဲ့ ခံယူချက်ပေါ်မှာသာ မူတည် ပါတော့တယ်။

အကယ်၍သာ ဝါသနာ မပါတာ လုပ်နေရရင် တစ်သက်လုံး စိတ်ဆင်းရဲစွာပဲ နေနေရလိမ့်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိ ဝါသနာပါရာ နဲ့ အသက်မွေး လုပ်ကိုင်နိုင်ကြဖို့ ဆုတောင်းပေးလိုက် ရပါတယ်။
.
Ref: 9gag
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: