ရုရှားတို့ မအောင်မြင်တဲ့ ခွေးအသေခံ ဗုံးခွဲ စစ်ဗျူဟာ

ဒုတိယ ကမ္ဘာစစ်ကာလတုန်းက ဖြစ်ပါတယ်။ ဂျာမနီ တို့ကို တိုက်ခိုက်နှိမ်နင်းဖို့ အတွက် ရုရှားတို့ဟာ စစ်ဗျူဟာ တစ်ခုကို အသုံးပြုခဲ့ပါတယ်။ ယင်းကတော့ ခွေးများနဲ့ အသေခံ ဗုံးခွဲစေခြင်း ဖြစ်ပါတယ်။ ဒီတော့ ခွေးများကို တင့်ကား အောက်များသို့ ပြေးသွားစေရန် သင်ကြားပေးပါတယ်။


သင်ပေးတာက ဂျာမနီရဲ့ တင့်ကားအောက်ကို ပြေးစေဖို့ ဖြစ်ပါတယ်။ တကယ် တိုက်ပွဲ ဖြစ်တဲ့နေ့မှာ ရုရှားတို့ သင်ပေးထားတဲ့ ခွေးများဟာ ဂျာမနီတင့်ကားအော်ကကို မပြေးပဲ ရုရှားတို့ရဲ့ တင့်ကားများ အောက်ကိုသာ ပြေးသွားပါတော့တယ်။ ဒီတော့ ခွေးများမှာ ပတ်ထားတဲ့ ဗုံးများဟာ ရုရှားတင့်ကားအောက်မှာသာ ကွဲပြီး ရုရှား တင့်ကား များသာ ကျဆုံး ပါတယ်။

ယင်းဟာ ကံကံ၏ အကျိုးကို ပြသခြင်း တစ်မျိုးပါပဲ။ တိရစ္ဆာန်များကို စာနာမမှု မရှိ အသုံးပြုမှုက ၎င်းတို့ကိုသာ ပြန်လည် ခံစားရရှိစေခဲ့ခြင် ဖြစ်ပါတယ်။ နောက်တော့ ယင်း ဗျူဟာကို အသုံးမပြုတော့ ပါဘူး။

Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: