မိုးရွာသွန်းမှုကို အပေါ်စီးက ကြည့်ရှုခြင်း


ကံဆိုးသူ သွားရာ မိုးလိုက်လို့ ရွာဆိုတဲ့ စကားပုံဆိုတာ တကယ်မှန်ပါတယ်။ မိုးဆိုတာ နေရာတိုင်းမှာ မဟုတ်ပဲ တစ်နေရာတည်းမှာပဲ ကွက်ပြီးတေ့ ရွာတတ်တယ် ဆိုတာကို ပုံက သက်သေပြသွား ပါတယ်။

ရေငွေ့  စုဝေးနေတဲ့ တိမ်တိုက် အစုကနေ မိုးရွာသွန်းခြင်း ဖြစ်ပါတယ်။ အာရှတိုက်ဟာ ကမ္ဘာပေါ်မှာ မိုးအများဆုံး ရွာသွန်းတဲ့ တိုက်တစ်တိုက် ဖြစ်ပြိး နှစ်စဉ် မိုးအများဆုံး ရွာသွန်းတဲ့ နိုင်ငံ ကတော့ အိန္ဒိယ နိုင်ငံ ဖြစ်ပါတယ်။ ပြီးရင် အမေရိကန် ဟာဝိုင်အီ ကျွန်းတစ်ဝိုက် ဖြစ်ပြီး အာရိကမှ ကင်မရွန်းဒေသ၊ တောင်အမေရိက ဥရောပ တို့က အစဉ်လိုက် ပါတယ်။

အီဂျစ်၊ အာဖရိက နိုင်ငံအများစုနဲ့ ချီလီ တို့ဟာ ကမ္ဘာပေါ်မှာ မိုး ရွာသွန်းမှု အနည်းဆုံး နိုင်ငံများ ဖြစ်ပြီး နှစ်အချို့မှာ ဆိုရင် မိုးလုံးဝ မရွာသွန်းတဲ့ အနေအထား အထိ ရှိပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: